02 - နောင်တတို့နှင့် ပြည့်နှက်​နေ​သော

190 27 1
                                    

စာမျက်နှာ ( ၀၂ ) ​နောင်တတို့နှင့် ပြည့်နှက်​နေ​သော


"ထယ်​ယောင်း ငါ​ပြောရမှာ​တော့ စိတ်မ​ကောင်း​ပေမယ့် အရင်ကတည်းက မှာထားပြီးသားဘဲ​လေ... ​ဆော့ဂျင်အ​နေနဲ့ စကားအများကြီး မ​ပြောသင့်ဘူးလို့ အခုအ​ခြေအ​နေက အရင်အခါ​တွေတုန်းကလို မိနစ်ပိုင်းနဲ့ ပြန်မ​ပျောက်​တော့ စောင့်ကြည့်ရဦးမယ်. တကယ်လို့ မနက်ဖြန်ထိလည်း မ​ပျောက်ဘူး​

ဆိုရင်​တော့ စိတ်မ​ကောင်းပါဘူးကွာ...​ဆော့ဂျင် တစ်သက်လုံး စကား​ပြောနိုင်​တော့မှာ မဟုတ်ဘူး..."

ထယ်​ယောင်း သူ့ရဲ့ လုပ်​ဖော်ကိုင်ဖက်ဖြစ်သူ

လည်​ချောင်းအထူးကု ဆရာဝန်ဆီမှ ကြားလိုက်ရတဲ့ စကား​ကြောင့် ဝမ်းနည်းဆို့တက်လာမှုက

လုံးဝ ထိန်းမရ​တော့​ပေ..။ ကိုယ်​တွေရဲ့ အချစ်ဆုံး

ဒီညီငယ်​လေးကျမှ ဘာလို့..ဘာလို့.. ဒီလိုအဖြစ်ဆိုးကြီးက....!။

ထယ်​ယောင်း မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်ကာ ရှိုက်ရှိုက် ငို​နေ​သော​ကြောင့် သူ့အ​ရှေ့မှ ဆရာဝန်က သူ့​ကျောကို ပုတ်၍ လာနှစ်သိမ့်သည်။ သူငို​နေလို့လည်း ဂျင်​လေးက ပြန်​ကောင်းလာမှာ မဟုတ်တာ​ကြောင့် ထယ်​ယောင်း သူ့​ရှေ့မှ ဆရာဝန်ကို လျစ်လျူရှုလိုက်ကာ ထို​နေရာမှ ထထွက်လာခဲ့လိုက်သည်။

.

.

.

.

.

"..အစ်ကို နမ်ဂျွန်း ဂျင်​လေးအ​ခြေအ​နေက ​စောင့်ကြည့်ရမယ်တဲ့..."

"..အရမ်းစိုးရိမ်ရလား...မနက်ကျရင်

ငါ လိုအပ်တာ​တွေ ထည့်ပြီး ယူလာခဲ့မှာမလို့..

မင်း ဒီည ဂျင်​လေးနားမှာ ခဏ ​

စောင့်​နေ​ပေး...​နော် ~ "

"....."

ထယ်​ယောင်း သူ့ဘက်မှ အရင်စချလိုက်၍

ပိတ်သွား​သော ဖုန်းမျက်နှာပြင်ကို ကြည့်ကာ.. ကျစ်ကျစ်ပါ​အောင် ဆုတ်ကိုင်ထားလိုက်ပြီး ​ဆေးရုံကုတင်​ပေါ်မှာ ​မေ့​ဆေး​အရှိန်ကြောင့် ပြန်သတိရမလာ​သေးသော ​ဆော့ဂျင်ကို လှည့်ကြည့်လိုက်သည်။

【Amour Sans Fin】- Endless LoveWhere stories live. Discover now