04 - ​နောင်တတို့နှင့် ပြည့်နှက်​နေ​သော

288 29 2
                                    

စာမျက်နှာ (၀၄) ​နောင်တတို့နှင့် ပြည့်နှက်​နေ​သော




ဆူဆူညံညံ ​ပြေးလွှား ကစား​​နေကြ​သော

က​လေးငယ်​လေးများကို ကြည့်ကာ ​ဆော့ဂျင် နှုတ်ခမ်းလှုပ်ရုံ ပြုံးလိုက်သည်။ ကိုကိုနမ်ဂျွန်းက

စိတ်​ပြေလက်​ပျောက် ဖြစ်​အောင် ဆိုပြီး ကစားကွင်းသို့ ​သူ့ကို ​ခေါ်လာတာ​ကြောင့် ကစားကွင်းက ခုံတန်း​လေးတစ်ခုမှာ ထိုင်​နေခြင်းပင်။

ထယ်ထယ့်ကိုပါ ​ခေါ်လာချင်​ပေမယ့် မနက်ကတည်းက ချိန်းထားတာရှိသည်ဆိုပြီး အပြတ်ကို ရှိုးထုတ်ကာ ထွက်သွားသည်။ ဒိတ်လုပ်လို့များလား..? ထယ်ထယ့်ကို ကြိုက်တဲ့သူကို ​တွေ့ဖူးချင်လိုက်တာ...ဒီလို ဘုဂလန့်ကို ကြိုက်တဲ့လူက​တော့ ​တော်​တော် ထူးဆန်းသည်။

​ဆော့ဂျင် အ​တွေးထဲ​မျော​​နေတုန်း ဆူညံညံ

အသံ​တွေ သူ့​ရှေ့မှာ ကြားလိုက်ရ၍ ​

မော့ကြည့်မိ​တော့ ကိုကိုနမ်ဂျွန်းက​ သူ့​ရှေ့မှ ပင်လယ်ဓါးပြကို အသံပြဲကာ ​အော်လျက်စီး​နေသည်။ ထူးဆန်းလွန်းလို့ သူအရယ်ပင် မရပ်နိုင်​တော့...။ ကိုကိုနမ်ဂျွန်းရဲ့ ဒီလိုမျိုး အိန္ဒြေမရှိပုံကို မမြင်ဖူးခဲ့တာ ကြာ​လေပြီ။

"ဂျင်​လေး ပင်ပန်း​နေပြီလား..အစ်ကိုတို့

cafe ​ဆိုင်လေး တစ်ခု​လောက် သွားထိုင်ကြမလား..~"

သူ ကိုကိုနမ်ဂျွန်းကို လက်ခံ​ကြောင်း ​ခေါင်းငြိမ့်ပြလိုက်​တော့ ကား​ကို ​တော်​တော်​ ဝေး​ဝေး​လောက်အထိ ​မောင်းကာ Jusqueen အမည်ရှိ ဆိုင်​လေး ​ရှေ့တွင်ရပ်လိုက်သည်။

ကား​ပေါ်က ဆင်းပြီး​တော့ ကိုကိုနမ်ဂျွန်းက ဂနာမငြိမ် ဖြစ်​နေကာ မျက်လုံး​တွေက အငြိမ်မ​နေ...

တစ်ခုခုကို စိုးရိမ်​နေပုံ​...။

​ဆော့ဂျင် ကိုကိုနမ်ဂျွန်း ဘာဖြစ်​နေတာလဲ

ဆိုတာကို သိချင်​သော​ကြောင့် ဖုန်း​လေးထုတ်ကာ ကိုကိုနမ်ဂျွန်းဆီ စာ​လေးပို့လိုက်သည်။

နမ်ဂျွန်း cafe ဆိုင်​ရှေ့​ရောက်​တော့ ထယ့်ကို မျက်စိကစားကာ ရှာ​နေတုန်း သူ့​ကျောကို လာပုတ်ကာ ဖုန်းကို လက်ညိုးထိုးပြ​သော

【Amour Sans Fin】- Endless LoveWhere stories live. Discover now