ပါးပါးတို့ရဲ့နတ်သမီးလေး

1K 94 0
                                    

Chapter 42

Mori Sue:

Daddy's little. (42)

မနက်စာပြင်ဆင်ပေးပြီးဖြစ်၍ ဒန်းနစ်နှင့်ပါကာမှာ စျေးဝယ်ထွက်ရန်တက်ကြွနေကြတော့သည် ။

" ရှောင်န် သားပါလိုက်ခဲ့လာ အပြင်သွားကြမယ် "

ဒရိတ်ခ်က ရီမောရင်းပါကာ၏ နဖူးလေးကိုနမ်းရင်ပြောလိုက်သည် ။

" ဒီတစ်ခါတော့ကိုယ်မလိုက်တော့ဘူးနော် "

" ရပါတယ် ဒီတစ်ခေါက်ကခရီးလမ်းရှည်ကြီးရဲ့အစဘဲရှိပါသေးတယ်... ကျွန်တော့်မှာ ခင်ဗျားကိုအထုပ်ထမ်းခိုင်းဖို့အချိန်တွေအများကြီးကျန်ပါသေးတယ် "

ဒီဗိုရာက ပါကာ့အားစိုက်ကြည့်နေသောကြောင့် မျက်ခုံးပင့်ကာပြန်ကြည့်လိုက်သည် ။

ဒီကလေးမလေးက တစ်ကယ့်ကိုအရိုင်းအစိုင်းလေးဘဲ!

ပါကာတက်ကြွစွာ အပြင်ထွက်သွားပြီးနောက်တွင် ဒရိတ်ခ်က နှင်းတောထဲတွင်ဆော့ကစားနေသောကလေးနှစ်ယောက်အား ခေါ်ရန်လိုက်သွားသည် ။

" အိမ်ထဲကိုပြန်ဝင်ခဲ့တော့ ချယ်လ်စီလေးနဲ့ရွိိုင်းလ်ရေ... လုပ်စရာရှိလို့ သားတို့အထဲမှာဘဲလာဆော့ကြတော့ အပြင်မှာကြာကြာနေရင်ဖျားလိမ့်မယ် "

ချယ်လ်စီလေးက ဒရိတ်ခ်အသံကြားသည်နှင့် အမြန်ပြေးလာကာပြောလိုက်သည် ။

" ပါးပါး မီးမီးတို့ကာတွန်းကားကြည့်မယ်လေနော် "

" ရတာပေါ့ နတ်သမီးလေးရဲ့ ဖြည်းဖြည်းလာမပြေးနဲ့ချော်လဲဦးမယ် "

" ရေး "

ကလေးနှစ်ယောက်ပျော်ရွှင်စွာအော်ဟစ်ရင်း အိမ်ထဲသို့ဝင်လာကြသည် ။ ပုံမှန်အားဖြင့် ဒရိတ်ခ်က ချယ်လ်စီလေး အားကာတွန်းကားကိုအချိန်ကြာကြာကြည့်ရန်ခွင့်မပြုပေ ။

တီဗီနှင့်ဂိမ်းဆော့ရခြင်းအားစွဲလမ်းသွားသည်ထက် သူမကြိုက်သလောက်အော်ဟစ်ပြေးလွှားဆော့ကစားသည်ကိုသာ ကြိုက်နှစ်သက်သည် ။ တက်ကြွနေသင့်သော ကလေးငယ်လေးများက ချောင်ကပ်၍ဂိမ်းဆော့နေကြသည်ကိုသဘောမကျပေ ။

ထို့ကြောင့် ချယ်လ်စီလေးအား နှစ်နာရီထက်ပို၍ဂိမ်းဆော့တီဗီကြည့်ခွင့်မပြုပေ ။ ပါကာသည်လည်း နားလည်သောကြောင့် အချိန်အများစုကိုသူမလေးနှင့်ဆော့ကစားပေးနေလေ့ရှိသည် ။ ထိုသားအဖအတွဲမှာ ပန်းချီဆွဲခြင်း ၊ ကိတ်မုန့်ဖုတ်ခြင်း ၊ မုန့်လုပ်ခြင်းနှင့် ယောဂကျင့်ခြင်းတို့ဖြင့်အလုပ်များနေတတ်ကြသည် ။

ပါးပါးတို့ရဲ့နတ်သမီးလေးWhere stories live. Discover now