ပါးပါးတို့ရဲ့နတ်သမီးလေး

914 82 0
                                    

Chapter 54

Mori Sue:

Daddy's little ( 54)

တေလာတို့နှင့် အချိန်ဖြုန်းပြီးသည့်နောက်တွင် ပါကာက ချယ်လ်စီလေးအား အိုလီဗာနှင့်ဆော့ကစားရန် လိုက်ပို့ပေးခဲ့သည် ။ အချိန်အတော်ကြာ အတူဆော့ကစားပြီးသည့်တိုင် ချယ်လ်စီလေးမှာ အိုလီဗာနှင့်ဆော့ကစားချင်နေဆဲပင် ။

နှစ်သစ်ကူးညဖြစ်သော်လည်း အိုလီဗာ၏ ပါးပါးမှာအလုပ်လုပ်နေရသောကြောင့် တစ်ယောက်တည်းအထီးကျန်နေမည်အားစိုးရိမ်၍ အိမ်သို့အတူခေါ်သွားချင်နေသည် ။

အိုလီဗာမှာ သူ၏ပါးပါးမှာသူ့ကိုကျွေးမွေးရန်အတွက်အလုပ်လုပ်နေရသည်မှန်းသိသော်လည်း အတူတူအချိန်များစွာမဖြတ်သန်းနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရသည် ။ သူသည်ကလေးငယ်လေးတစ်ဦးသာ ဖြစ်သေးသည့်အတွက် သူ့ပါးပါးအာ့သူ့အား၌အမြဲရှိနေပေး၍ပွေ့ဖက်ထားစေချင်သည် ။

" အိုလီ ဒီမှာနင့်အတွက် အားဖြည့်ကွတ်ကီး "

ချယ်လ်စီလေးက သူမ၏လက်ထဲမှ ကွတ်ကီးကိုတစ်ဝက်ပိုင်းလိုက်ပြီး အိုလီဗာ၏ ပါးစပ်ထဲထိုးထည့်ပေးလိုက်သည် ။ အိုလီဗာမှာ ခဏမျှကြောင်အသွားပြီးနောက်တွင် ပြုံးလိုက်ကာ ဖြည်းဖြည်းချင်းဝါးရင်းပြောလိုက်သည် ။

" ကျေးဇူး "

" ငါနင့်ကို ငါ့ရဲ့ဝမ်းကွဲတွေအကုန်လုံးနဲ့မိတ်ဆက်ပေးမယ်နော် "

ချယ်လ်စီလေးက အိုလီဗာကိုကားထဲဆွဲ့ထည့်ပြီးနောက် တစ်ခုခုဖွင့်ကြည့်ကြရန် တက်ဗလက်ကိုယူလိုက်သည် ။

" ငါးမန်းကလေးလေးသီချင်းဖွင့်ရအောင် "

" မရဘူး ပါးပါးကအဲ့သီချင်းကိုမကြိုက်ဘူး "

( TN / မူလပါကာကိုပြောတာပါ )

အိုလီဗာက ခေါင်းလေးစောင်းလိုက်ကာ နားမလည်သည့်ပုံစံနှင့်မေးလိုက်သည် ။

" ဘာလို့လဲ "

ချယ်လ်စီလေးက ပါကာကြားမည်စိုး၍အသံတိုးတိုးလေးနှင့်ရှင်းပြရှာသည် ။

" ပါပါးကပြောတယ် သီချင်းတစ်ပုဒ်တည်းနဲ့တောင်စိတ်ရူပ်ဖို့ကောင်းနေတာကို ဒီဂျေပုံစံပြောင်းလိုက်တာက အရမ်းစိတ်ရူပ်ဖို့ကောင်းတယ်တဲ့ ပြီးတော့ ငါးမန်းတွေကအရမ်းရုပ်ဆိုးပြီးလူတွေကိုလဲစားပစ်တယ်တဲ့ "

ပါးပါးတို့ရဲ့နတ်သမီးလေးWhere stories live. Discover now