ပါးပါးတို့ရဲ့နတ်သမီးလေး

976 96 0
                                    

Chapter 44

Daddy's little ( 44)

ဒန်းနစ်က လှေကားဆီသို့ဦးတည်လျှောက်သွားသည့်အချိန်တွင် ဒီဗိုရာက ပြေး၍ရှေ့မှပိတ်ရပ်ကာမေးလိုက်သည် ။

" ဒန်းနစ် ရှင်ဘာတွေပြောနေတာလဲ?  ပါးပါးအိမ်ကထွက်သွားတာက ရှင်နဲ့အဖေနဲ့ဖောက်ပြန်ကြလို့လေ သူ့ရဲ့ဘဝကိုရှင်ဖျက်ဆီးခဲ့တာ "

ဒန်းနစ်က ရှောင်န်ကိုလှည့်ကြည့်ရင်းစိတ်ရူပ်စွာပြောလိုက်သည် ။

" မင်းတို့ကို အဲ့ဒီလူကဒီလိုပြောပြထားတာလား? "

ရှောင်န်က အလွန်ပင်နေရခက်နေခဲ့သည် ။

" အဲ့ဒီလိုမျိုးခပ်ဆင်ဆင်ပါဘဲ "

ဒန်းနစ်က ခံပြင်းစွာခပ်ဖွဖွရီရင်းပြောလိုက်သည် ။

" ငါမင်းတို့ရဲ့အဖေနဲ့ လူကြားမကောင်းတဲ့ကိစ္စမျိုးဘာတစ်ခုမှမလုပ်ထားဘူး "

" ဒါပေါ့ ရှင်ကငြင်းနေလို့ရတာဘဲ အခုရှင်ကအောင်နိုင်သူကြီးဆိုတော့ အဖေကရှင်ဘာပြောပြောမှန်တယ်လို့ထောက်ခံနေမှာဘဲလေ အခုတောင်ပါးပါးကိုအိမ်ထဲအဝင်မခံဘူးမဟုတ်လား "

" ဒီဗိုရာ မင်းရဲ့ပါးပါးကဆေးစွဲနေတဲ့ သောက်သုံးမကျတဲ့ဆန်ကုန်မြေလေးဘဲ ရန်ဆဲလ်က ငယ်ရွယ်သေးတဲ့မင်းတို့တွေရဲ့အနားမှာ သူ့လိုလူမျိုးကိုထားချင်မယ်လို့ထင်လား... ဟမ် "

" မဟုတ်ဘူး ပါးပါးကို မစွပ်စွဲနဲ့ "

ဒန်းနစ်က သူမကိုမျက်တောင်မခတ်စိုက်ကြည့်ပြီးသည့်နောက်၌ ဆက်လက်ဖုံးကွယ်မထားတော့ရန်ဆုံးဖြတ်လိုက်သည် ။

" မင်းတို့ငယ်ငယ်လေးကတည်းက သူဆေးစွဲနေတာကြာပြီ မင်းတို့ကွယ်ရာမှာအမြဲလိုလိုခိုးသုံးနေခဲ့တာ...မင်းရဲ့ခြေထောက်ကမီးဟပ်တဲ့အမာရွတ်က သူဆေးသွားဝယ်ဖို့မင်းကိုပစ်ထားခဲ့လို့ဖြစ်ရတာ...အဲ့ဒီ အချိန်မှာမင်းတို့မောင်နှမတွေကိုစောင့်ရှောက်ပေးခဲ့တယ်ဆိုတာက ကလေးငယ်လေးတွေဒုက္ခခံစားနေရမှာကမ​​ကြည့်ရက်လို့ဘဲ မင်းတို့အဖေနဲ့ဘာမှမသက်ဆိုင်ခဲ့ဘူး ငါကသူ့ကိုတောင် မင်းတို့ကိုဂရုစိုက်မပေးနိုင်တဲ့အတွက်မုန်းတီးနေခဲ့သေးတယ် "

ပါးပါးတို့ရဲ့နတ်သမီးလေးWhere stories live. Discover now