ပါးပါးတို့ရဲ့နတ်သမီးလေး

974 99 0
                                    

Chapter 43

Mori Sue:

Daddy's little ( 43)

ဒရိတ်ခ်က ချယ်လ်စီလေးအားဆိုဖာပေါ်ချီတင်၍ သူမအလန့်ပြေစေရန်ချော့မော့ပြောဆိုနေသော်လည်း ကလေးမလေးမှာငိုယိုနေဆဲပင် ။ ဒီဗိုရာက သူမ၏အခန်းသို့ပြန်လိုသော်လည်း ဒရိတ်ခ်က ခြေတစ်လှမ်းမှရွေ့ခွင့်မပြုပေ ။

ပထမတွင် သူမ၏ပုန်ကန်တတ်သောဆယ်ကျော်သက်ကာလအပိုင်းအခြားဖြစ်၍ ဝင်မပါခဲ့သော်လည်း ဤမျှယဥ်ကျေးမူမရှိဟုမထင်ခဲ့ပေ ။ သူမအတွက်အရေးမပါသောကိစ္စလေးတစ်ခုသာဖြစ်သော်လည်း ချယ်လ်စီလေးက လေးနှစ်အရွယ်သာရှိသေး၍ ရုပ်ရှင်နှင့်လက်တွေ့ဘဝအားမခွဲခြားနိုင်သေးချေ ။

ကလေးများက အရာရာကိုယုံလွယ်ပြီး ချယ်ယ်စီလေးသည်လည်းခြွင်းချက်မဟုတ်ချေ ။ ထိုအချိန်တွင် ဒန်းနစ်နှင့် ပါကာမှာ အထုပ်များဆွဲ၍ရီမောရင်းအိမ်ထဲသို့ဝင်လာသည် ။ အနွေးထည်များချွတ်ပြီးနောက် ဧည့်ခန်းထဲသို့ဝင်လိုက်သောအခါ တွင် လေထုအခြေအနေမှာအလွန်ပင်တင်းမာနေလေသည် ။

ချယ်လ်စီလေး ကဒရိတ်ခ်ကိုဖက်ထားရင်းရိူက်ငိုနေပြီး ဒရိတ်ခ် ကသူမ၏ကျောပြင်ကိုခက်ဖွဖွပွတ်သပ်ပေးနေသည် ။

" ဘာဖြစ်ထားကြတာလဲ "

ပါကာက မကောင်းသည့်အရာတစ်ခုခုဖြစ်ထားသည်ထင်၍မျက်မှောင်ကျုံ့ကာမေးလိုက်သည် ။ သူ၏အသံကိုကြားသောအခါ ချယ်လ်စီလေးမှာ အော်ငိုထားရသောကြောင့်ကွဲအက်နေသောအသံနှင့်ခေါ်လိုက်သည် ။

" ပါးပါး ပါးပါး! "

ပါကာက သူမလေးကိုပြေးချီလိုက်ပြီး တင်းကျပ်စွာဖက်ထားလိုက်သည် ။

" အင်း...ဘာဖြစ်လို့လဲသမီးလေး...မငိုနဲ့နော်...ပါးပါးဒီမှာရှိတယ် မငိုနဲ့တော့ "

ရှောင်န်က သကြားလုံးစားရင်အခန်းထဲဝင်လာသောအခါ၌ ကလေးမလေးမှာအကြောက်အကန်အော်ဟစ်ရင်းထပ်မံငိုယိုပြန်သည် ။

" မကောင်းတဲ့သကြားလုံးတွေ...အဲ့တာမကောင်းတဲ့သကြားလုံးတွေ... မစားလိုက်နဲ့ စားလို့မရဘူး နေမကောင်းဖြစ်လိမ့်မယ် မစားနဲ့ "

ပါးပါးတို့ရဲ့နတ်သမီးလေးTempat cerita menjadi hidup. Temukan sekarang