Chapter 21

9K 366 11
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 21

Shopping ထွက်တဲ့နေ့က သူမရွေးပေးတဲ့ Suitထဲကနက်ပြာရောင်လေး ကိုဝတ်ပြီး ဒီနေ့ တနင်္လာနေ့က ကျန်တဲ့အမှုရုံးချိန်းတက်ရမှာမို့ ပြင်ဆင်ကာ ဆင်းလာတော့ ပူတူးကလည်း သူမအန်တီအိမ်သွားဖို့ ဆိုဖာပေါ်မှာထိုင်စောင့်နေတာထင်သည်။

"ရှင့်ကိုပြောသားပဲ အနက်ကြီးပဲဝတ်တာထက် ဒီလိုလေးလိုက်တယ် ရှင်နဲ့"

သူမက ဆိုဖာပေါ်ထိုင်နေရာက သူနားလျှောက်လာကာ ပြောတော့ သူမကို ခေါင်းငြိမ့်ပြလိုက်သည်က မင်းဘာပြောပြောမှန်သည်ပေါ့။

"Mine ကျွန်တော်ရောက်ပြီ သွားကြမလား"

"ငါ့ကိုလိုက်ပို့ရမှာမဟုတ်ဘူး ပူတူးကို အန်တီတို့ကွန်ဒိုကို မင်းပို့ပေးရမှာ"

"ရှင်ပို့မှာမဟုတ်ဘူးလား !"

ဆောင်း သူမကသူစိမ်းတစ်ယောက်နဲ့ လွှတ်နေတာကြောင့် ပြန်မေးခွန်းထုတ်လိုက်ပင်မဲ့ သူ့လက်ထောက်ကတော့ သူပြောတာကို ခေါင်းငြိမ့်သည်။

"ပူတူး ကိုယ်ကခဏနေတရားရုံးချိန်ရှိလို့ သူ့ကိုပို့ခိုင်းတာ"

"တရားရုံးနဲ့ အန်တီတို့ကွန်ဒိုက တစ်လမ်းထဲပဲဟာကို"

Mine သွားမဲ့လမ်းကတူပင်မဲ့ မနေ့ကဖြစ်ရပ်ကြောင့် အန္တရာယ်တွေမပြီးမခြင်း သူမကို သူနဲ့အတူသွားလာတာတွေမလုပ်ဖို့ဆုံးဖြတ်ထားတာမို့ H ကိုသာလိုက်ပို့ခိုင်းတာကို H ကဘာကြောင့်ဆိုတာသိလို ခေါင်းငြိမ့်ပင်မဲ့ သူမကနားမလည်တာကြောင့် သူကိုမေးသည်။

"Mine ကိုမေးခွန်းပြန်ထုတ်မနေနဲ့ လာငါမင်းကိုလိုက်ပို့မယ်"

"မသွားဘူး !"

ဆောင်းစိတ်ဆိုးသွားတာကြောင့် ဆိုဖာပေါ်ပြန်သွားထိုင်နေလိုက်သည်။ကိုယ့်ယောကျာ်းက အဲ့လမ်းကသွားမှာပဲကို သူစိမ်းကိုပို့ခိုင်းနေတာ သင့်တော်လားမသင့်တော်လား မစဥ်းစားဘူး။

"ဆောင်းဦးလွင် ! Mine ကအမှူရင်ဆိုင်ရမှာ ဘာလို့ဂျစ်တိုက်နေတာလည်း ရှေ့နေတစ်ယောက်ကို ယူထားပြီး ဒါလေးတောင်နားမလည်ဘူးလား"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now