Part 2

1.1K 7 0
                                    

လကျ်ာကားပေါ်ကနေစောင့်နေပြီး ကားပေါ်ကို Boss တက်လာ၍ အိမ်ကိုကားမောင်းရင်ပြင်လေသည် ကားနောက်မှန်ကတစ်ဆင့် Boss ပြုံးနေတာကိုမြင်ပြီးမျက်လုံးပြူးသွားမိသည်

'Boss က ဘာကိုပြုံးနေတာလဲဟ ထူးဆန်းလှချည်လား မမကြီးကိုပြန်ပြောရမယ်'

"မောင်းတော့ လကျ်ာ"

"Yes Boss"

ကားလေးသည် စားသောက်ဆိုင်ရှေ့မှပြန်လည်ထွက်ခွာသွားသည်

အိမ်ရှေ့ရောက်တော့ ခြံစောင်ဘိုးထွန်းက တံခါးကိုဖွင့်ပေးပြီးအံ့သြသွားသည်

"သူဋ္ဌေးလေးပြန်လာပြီ"

အက္ခရာကတော့စိတ်ထဲမှာ ဟိုကောင်လေးအကြောင်းပဲတွေးမိသွားသည် တွေးမိတိုင်းလည်း
'ငါကလုံးဝ straight စစ်စစ် ချစ်သူထပ်မထားတော့ဘူး ထပ်မတွေးနဲ့တော့ကွာ'
အဲ့လိုပြောပြီးတိုင်းကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသည် တားလဲတွေးမိတာပဲကို

အက္ခရာကားပေါ်မှဆင်းသွားကာ လကျ်ာကခရီးဆောင်အိတ်ကိုသယ်လာခဲ့သည်
အိမ်ရဲ့မမကြီး ဒေါ်မွှေးမွှေးကအပေါ်ထပ်လှေကားမှဆင်းလာရင်း

"ပြန်ရောက်ပြီပေါ့ ငါ့သား"

"ဟုတ်ကဲ့ ​အမေ အဖေရော"

"သားအဖေကကုမ္ပဏီမှာပဲကွယ့် သူ့သားပြန်လာရင်အားလုံးကိုရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်ဆိုပြီး ရုံးဝန်ထမ်းတွေကိုစည်းကမ်းတင်းကြပ်နေလေရဲ့"

"အဖေကတော့ဗျာ မလွယ်ဘူး"

"ဟုတ််တယ် တကယ့်ကိုမလွယ်တာ မနေ့ညကအိမ်ပြန်မအိပ်ဘူး ဖုန်းဆက်ကြည့်တော့ စာရင်းတွေကိုသေချာကိုက်အောင်စစ်နေတာ"

"ကျွီ"
အိမ်ရှေ့ကိုကားထိုးရပ်သံကြားလိုက်ရသည်

"ဟော ပြောရင်းဆိုရင်းလာပါပြီ အသက်ရှည်ဦးမယ် ဦးမိုးမင်းထွန်း"

"အဖေကားကိုအမြန်မောင်းလာပုံရတယ်နော်"

"လကျ်ာသတင်းပေးလို့အမြန်ရောက်လာရတာပေါ့ နောက်မှဆုချရမယ် သားပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး အဖေရဲ့ လေယာဥ်ပဲစီးနေရတာကို"

"အမလေးနော် ရောက်လာတာနဲ့သူ့သားကိုပဲ ဟွန့် ဒီကဟာမကြီးကိုကျပစ်ထား"

မောင့်ကမ်းခြေဝယ်Where stories live. Discover now