Part 3

966 5 0
                                    

"အင်း သူ့အကြောင်းငါ့ကိုစုံစမ်းပေး"

"ဗျာ"

"မဗျာနဲ့ နားလေးနေတာလား"

"မလေးပါဘူး Boss နက်ဖြန်အတိအကျသိစေရပါမယ်"

"ဟုတ်ပီ အခုကားသွားယူ အိမ်ပြန်မယ်"

"ဆက်မလျှောက်တော့ဘူးလား Boss"

"နိုး နိုး နိုး"

"Yes Boss ကားသွားယူပြီးပြန်လာခဲ့ပါမယ် ခနစောင့်နော်"

"Omm"

အက္ခရာသူ့မြင်ကွင်းထဲမှာပဲရှိသေးတဲ့ ပေါက်စလေးနဲ့ကလေးနှစ်ယောက်ကိုကြည့်မိနေသည်
(သူ့ယူကေအီးလေးကျတော့ပေါက်စတဲ့ ကလေးတွေကျတော့ကလေးပဲတရားပါတယ်အက္ခရာမောင်ရယ်)

"ထိုင်လို့ရမလားဗျ"

ဘုန်းသစ်ဘယ်သူ့ကိုပြောနေမှန်းမသိတာကြောင့်ဘာမှမပြောပဲနေလိုက်သည် မော့တောင်မကြည့်ဖြစ်

"ဒီကကောင်လေး ဒီမှာခနထိုင်လို့ရမလားဗျ"

"ဟမ် ကျွန်တော့်ကိုပြောတာလား ရပါတယ် ဒါလူတိုင်းထိုင်နေလို့ရတာပဲကို"

"ကျေးဇူးပါ"

"ဟုတ် ဟုတ်"
အက္ခရာရင်းနှီးချင်၍ကလေးချစ်ဟန်ဆောင်ပြီး ကလေးတွေစားတာသောက်တာကိုဂရုစိုက်နေပေးသည်

"သားသားရယ်ဘယ်လိုတွေစားနေတာလဲ ပေပွနေတာပဲ လာလာ ဦးဦးသုတ်ပေးမယ်"

"ဦးဦးလုပ်မှပိုမှောက်သွားသလိုပဲနော် ဦးဦး သားကစားတတ်ပါတယ်ဗျ"

'တောက်စ် အလည်လေး'
"ဟော မီးမီးလေးကျတော့လဲ ဖြည်းဖြည်းစားပါ နင်နေဦးမယ် "

"မီးမီးစားတာကုန်နေမှပြောနေတာပါလား ဦးဦးက"

"ဟားဟား ဟားဟားဟား"

"ဟင် မင်း မင်းငါ့ကိုရယ်လိုက်တာလား"

"အိုး မဟုတ်ပါဘူး ဆောရီး ရယ်ချင်သွားလို့ပါ"

"ဦးဦးကရယ်စရာကြီးကို နော် မမ"

"အေးလေဟယ် ဟားဟား ဦးဦးအရှက်လဲမရှိဘူး"

"တိတ်စမ်း!!! စောက်ခလေးတွေ"

သူ့အသံကျယ်သွားတာကြောင့်တခြားဝိုင်းကလူတွေပါသူတို့ဘက်ကိုလှည့်ကြည့်တာကြသည် သူလဲစိတ်ထဲကိုမရှိဘူးဆိုတဲ့ပုံစံနဲ့ ကလေးတွေကိုဇွတ်ဟောက်နေတော့သည်

မောင့်ကမ်းခြေဝယ်Where stories live. Discover now