Chapter 22

8.8K 398 16
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 22

"ဒီနေ့ကစပြီး ပူတူးရဲ့အသိဉာဏ်ထဲရော နှလုံးသားထဲပါ ကိုယ့်ကိုနေရာပေးဖို့ပဲတွေးထားပေးပါ...အမှုပြီးတဲ့အခါ ကိုယ်လိုချင်တဲ့အဖြေပေးပါ"

Mine သူမဆီကဘာကိုမှမမျှော်လင့်ထားပဲ သူမကို ချစ်ခွင့်ရနေတာနဲ့ပင် သူအတွက်လုံလောက်ပါသည်။သူမသူ့ကိုနားမလည်ရင်နေပါစေ ကိုယ့်ထက်ငယ်တဲ့သူမို့ ဖြည့်တွေးရမှာသူတာဝန်ပင်။ကိုယ့်ထက်ငယ်တဲ့သူကိုယူထားပြီးမှ နားမလည်ပေးရကောင်းလားဆိုဖို့ သူစိတ်ကူးထဲတောင်မရှိ။အခုလို ချစ်ခွင့်ပန်တယ်ဆိုတာကိုလည်း သူမစိတ်ထဲရောက်နေတဲ့ ကြောက်လန့်ခြင်းတွေကို သူသက်သာအောင် လုပ်ပေးချင်တဲ့ စေတနာသန့်သန့်သာ။သူမအပေါ်သူလုပ်ပေးနေတာတွေက ချစ်ရတဲ့အမျိူးသမီးလေးမို့ သူမဆီကရမဲ့ချစ်ခြင်းကိုလည်း လိုလိုလားလားပေးမဲ့တစ်နေ့ကို သူစောင့်နိုင်ပါသည်။

"ဒီလောက်အမှုကိစ္စကရှုပ်ထွေးနေတာကို ကျွန်မကမတွေးပဲဘယ်လိုနေရမှာလဲ"

သူမရှေ့ဒူးထောက်ပြီး ပေါင်ပေါ်တင်ထားတဲ့သူမလက်ကိုကိုင်ကာပြောနေတဲ့သူစကားတွေက ရင်ခုန်စရာဆိုပင်မဲ့ သူမအတွက်က အခုအချိန်မှာ......

"မင်းကိုအန္တရာယ်တွေကနေ ကာကွယ်ပေးမဲ့လို့ လက်ထပ်ပွဲမှာကတိပေးခဲ့သာ စကားသက်သက်မဟုတ်ဘူး ပူတူး... စကားလုံးလှလှလေးလည်းသုံးခဲ့တာမဟုတ်ဘူး"

"ဒါပင်မဲ့....."

"ယုံကြည်ပါ မင်းဘာပဲဖြစ်ဖြစ်မင်းအရှေ့ကနေရပ်တည်နေမဲ့ကောင်ရှိနေတယ်ဆိုတာ...ကိုယ်ရှင်သန်နေတဲ့အချိန်တိုင်းဟာ မင်းအတွက်ပဲ"

*ကိုယ်ရှင်သန်နေတဲ့အချိန်တိုင်းဟာ မင်းအတွက်ပဲ*တဲ့။ဒီစကားတစ်ခွန်းက သူမစိတ်ထဲဖြစ်နေတဲ့ ​ထိတ်လန့်မူတစ်ချိူ့ကိုသက်သာစေတယ်ဆိုတာ လိမ်လို့မရတာမို့ သူမလက်ကိုကိုင်ထားတဲ့သူလက်အပေါ်ကို သူမရဲ့ကျန်နေတဲ့လက်လေးထပ်လိုက်ရင်း သူမကိုမော့ကြည့်နေတဲ့သူကို ခေါင်းငြိမ့်ပြလိုက်တော့ သူမလက်အပေါ်ရောက်လာတဲ့ သူနှုတ်ခမ်းတွေ.......

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now