🖤1🖤

2K 135 21
                                    

ရှေ့မှ ခပ်သွက်သွက်လှမ်းနေသော ခြေလှမ်းပိုင်ရှင်သည် လူပြတ်၍ မှောင်ရိပ်ကျသော လမ်းကျဥ်းထဲအရောက်၌ ရှေ့ဆက်မသွားတော့ဘဲ ရုတ်ခြည်းရပ်တန့်လိုက်ရာ
မျက်ခြေမပြတ်လိုက်လာသော
ParkJimin ၏ လက်သည် အလိုအလျောက် ခါးကြားမှ လက်ထိတ်အား စမ်းကြည့်မိသွားသည်။

လက်နက်ဟူ၍ ဤလက်ထိတ်တစ်ခုသာ ပါခဲ့သည်။

အရှေ့မှထိုလူ နောက်ပြန်လှည့်တိုက်ခိုက်လာလျှင် အသင့်အနေအထားဖြစ်နေရမည်မို့ အာရုံအားစုစည်းလျက် ထိုသူ၏ ကျောပြင်အား စူးရဲစွာ စိုက်ကြည့်နေမိသည်။

ဖြည်းဖြည်းချင်း လှည့်လာသောအခါ လမ်းမီးရောင်ဖျော့ဖျော့၏အားကိုးဖြင့် ထိုသူ၏ မျက်နှာ၌ ရွှေရောင်မျက်နှာဖုံးအား တပ်ဆင်ထားသည်ကို မြင်လိုက်ရပြီး တစ်ဆက်တည်းမှာပဲ
ခုနကသူဝင်လာသော လမ်းကျဉ်း၏ အဝ၌ အနက်ရောင်ကားတစ်စီးထိုးဆိုက်လာလေသည်။ ထွက်ပေါက်အား ပိတ်လိုက်သည်ဆိုလျှင်လည်း မမှားပေ။

ကျွီ !!

ရှေ့မှာရပ်နေသည်ကား တာဝန်အရဖမ်းဆီးရမည့် ရန်သူ (သို့)
တရားခံ။ နောက်ပြန်လှည့်ရန်လည်း လမ်းမရှိတော့။

"Shit!"

တိုက်ခိုက်ရုံအပြင်မရှိတော့တာမို့
Jimin
ရှေ့ပြန်လှည့်လိုက်တော့.....

ချောက်!

သေနတ်ပြောင်းဝတစ်ခုက သူ့အားတည့်မတ်စွာချိန်ထားပြီး
ထိုလူသည် ရွှေအိုရောင်သိမ်းငှက်တောင်ပံမျက်နှာဖုံးအောက်မှ စူးရဲပြတ်သားသော မျက်ဝန်းအစုံဖြင့် သူ့အားမမှိတ်မသုန်စိုက်ကြည့်လျက်ရှိ၏။

"ရာထူးချခံရပြီးပြောင်းလာတဲ့
အသစ်ကလေးမလား?
မိုက်ရူးရဲဆန်လိုက်တာ"

သြရှရှအသံသည်ကား
ထိုမျက်နှာဖုံးပိုင်ရှင်ဆီက။

"ငါ့ကိုဝေဖန်မနေဘဲ
သတ္တိရှိရင် မင်းလက်ထဲကသေနတ်ကိုချပြီး ငါနဲ့ယောင်္ကျားဆန်ဆန်လာတိုက်ခိုက်လေ"

"ကြိုက်ပြီ"

ပစ္စတိုသေနတ်ကလေးဟာ သခင်၏ လက်ညှိုးအကွေးဖြင့်ထိတွေ့ခွင့်မရလိုက်ဘဲ ပြန်လည်အသိမ်းခံလိုက်ရလေသည်။

AnchorageWhere stories live. Discover now