🖤5🖤

444 56 21
                                    

"ခင်ဗျားက ဘယ်လိုလုပ်ပြီး
ဒီကို...."

ခါး၌ တဘက်တစ်ထည်သာ ပတ်ထားသော KimTaehyung သည်
ရေချိုးပြီးကာစမို့ထင်......
ရင်ဘတ်ကျယ်ထက် ရေစက်များက သီးခိုနေပြီး လှိုင်းတွန့်ဆံပင်များမှ ရေစက်တို့ကလည်း ပုခုံးပြင်တို့ထက် တတောက်တောက်ကျနေလေသည်။

"Darling ဘယ်သူလဲ?"

အနီရောင် Dress အားဝတ်ဆင်ထားသည့် ခပ်လှလှကောင်မလေးသည်
TaeHyung ၏ ကျောနောက်မှ ထွက်ပေါ်လာ၏။ လက်ထဲတွင် ဝိုင်တစ်ခွက်အား လှုပ်လီလှုပ်လဲ့ လှည့်ရမ်းကစားလျက်......။

"ခဏလောက်ပူးပေါင်းပေးပါ"

Jimin ခပ်မြန်မြန်ဆိုရင်း ထိုလူဆိုးကောင်အား တွန်းတိုက်ကာ
အထဲသို့ ဝင်သွားလိုက်သည်။

တစ်ကယ်ဆို ဒီအခန်း၏ အကျယ်က Jimin ငှားရမ်းနေထိုင်သည့် တိုက်ခန်းထက် သုံးဆခန့် ကျယ်ဝန်းသည်။
မီးများလင်းထိန်နေအောင်ဖွင့်ထားခြင်းမရှိဘဲ အပြာရောင်လဲ့လဲ့သာ ဖြစ်နေပြီး အနောက်တိုင်း Music တစ်ပုဒ်
က တိုးတိုးလျလျ လွင့်ပျံနေ၏။

အခန်းလယ်ရှိ
စားပွဲထက်တွင် တစ်ဝက်သာကျန်ရှိသော တန်ဖိုးကြီး ဝိုင်ပုလင်းနှင့် သစ်သီးအချို့ ၊ အသားပွဲနှင့်
သောက်လက်စဝိုင်တစ်ခွက်.......။

အခန်းတွင်း မသင်္ကာစရာ လူတစ်ယောက်မှ မတွေ့တာမို့ ပြန်လှည့်ထွက်ရန်ပြင်လိုက်စဉ်
ခမ်းခမ်းနားနား အဖြူရောင်သီးသန့်ဆင်ထားသော နှစ်ယောက်အိပ်ကုတင်ပေါ်တွင် ကြဲထားသည့် နှင်းဆီပွင့်ဖတ်၏ရနံ့က Jimin အား လှောင်ပြောင်နေသယောင်........။

ရူးသွားတာပဲ ParkJimin ။
ဤအသိုက်အဝန်းထဲ ကျင်လည်နေတဲ့ အဆိုးအဆာကိုမှ သူ့ဘက်စိတ်ယိုင်နေခဲ့သည်ဟုတွေးမိရတယ်လို့။

ဘယ်လိုတောင်
သောက်ကျိုးနည်း
တွေးပစ်လိုက်ရတာလဲ?!!

သူ ဒီလို လူရှုပ်လူပွေကောင်ဆီက
ဘာတွေများ မျှော်လင့်နေရတာလဲ?

ခဏလောက် နွေးထွေးပြလိုက်
တာနဲ့ ၊ နည်းနည်းလောက်လေးများ
ဂရုတစိုက် ဆက်ဆံပြလိုက်ရုံနဲ့ မေတ္တာငတ်နေတဲ့ဒီလူဟာ အရူးတစ်ယောက်လို ငြိတွယ်မိသည်။

AnchorageWhere stories live. Discover now