🖤2🖤

1.1K 104 31
                                    

"အကြမ်းဖက်နှိမ်နှင်းရေး
အေးဂျင့်တစ်ယောက်ကို စံအိမ်ခေါ်လာရတဲ့အထိ...!!. မင်းလုပ်နေတဲ့အလုပ်ကိုများ မေ့နေတာလား KimTaehyung !!"

"ဒယ်ဒီကလည်းဗျာ
ဒီတိုင်း ရာထူးချခံရပြီး ပြောင်းလာတဲ့သူပါ။ မိုက်မိုက်ကန်းကန်းသေဖို့ ကြိုးစားနေလို့ ခေါ်လာခဲ့ကြည့်တာပါ"

"အဲ့တာနဲ့ပဲ အခန်းထဲထိခေါ်သွင်းလိုက်တယ်ပေါ့"

Taehyung ကျစ်ခနဲ အသံပြုရင်း စိတ်လျှော့ကာ ဆက်မပြောတော့ရန် ထိန်းထားလိုက်တော့သည်။
မဟုတ်ရင် တစ်နေကုန် တရားနာရတော့မှာ။

"ဒယ်ဒီတို့က စားပြီဗျာ~"

Kim စံအိမ်၏ လုပ်ငန်းကြီးတစ်ခုလုံးအား လွှဲပြောင်းလုပ်ကိုင်နေသည့် သခင်လေး KimTaehyung ပေမယ့် ဖခင်ကိုတော့ ကြောက်ရသည်မို့ နားထင်အား လက်ညှိုးဖြင့် အသာဖိထောက်ရင်း
ခပ်ချွဲချွဲဟန်ဖြင့် လေပြေသွေးလိုက်လေသည်။

"စားတာတွေ သောက်တာတွေ ငါ့ကို အထွန့်မတက်နဲ့ ။ အနေအထိုင် ဆင်ခြင်စမ်း!"

"Ok Ok ဒယ်ဒီ့သဘော"

အလိုတော်ကျ စကားလိုက်ဆိုရင်း သူပြုံးပြတော့ ဒယ်ဒီက သတိထားနေ ဟူသော ပုံစံဖြင့် မျက်မှောင်အား ကျုံ့ပြလာ၏။

စံအိမ်ကို အဲ့ဒီလူကို ဘာလို့ခေါ်လာဖြစ်ခဲ့လဲဆိုတာ ဒယ်ဒီ့ထက် ကျွန်တော်က ပိုသိချင်နေတာပါ။

>>>>>>>>>>>>

အတွဲကိုယ်စီဖြင့် လှုပ်ရမ်းယိမ်းနွဲ့ကခုန်နေကြသော dance floor အား ဖြတ်ကျော်လျက် လူတစ်ယောက်သည် တစ်စုံတစ်ရာအား မသိမသာရှာဖွေလျက်ရှိ၏။

ထိုသူသည် အနက်ရောင် crop top အား ဝတ်ဆင်ထားပြီး ဖြူနုသေးသိမ်သောခါးထက်၌ ပလက်တီနမ်ကြိုးမျှင်ပါးလေးအား ကြက်ခြေခတ်သဏ္ဍာန်
ချိတ်ဆွဲထားရာ
မြင်မြင်သမျှ ယောင်္ကျား မိန်းမတို့သည် အထူးအဆန်းသဖွယ်ကြည့်လျှက် သဘောကျဟန်ပြ၏။

ရောင်စုံမီးရောင်များသည် ဖြူနီပြာဝါ တစ်လှည့်စီဖြစ်လျှက်ရှိပြီး ရုတ်တရက် မှောင်သွားသည့်အချိန်၌မူ အခွင့်အရေးသဖွယ်ဖြစ်ရာ Dance floor ၌ကနေရင်း
ကောင်မလေးများ၏ ခါးထက်နေရာယူထားသော လက်များသည် နေရာရွှေ့ကာ ဟိုဟိုဒီဒီပွတ်သပ်လျှက်ရှိကြ၏။

AnchorageDonde viven las historias. Descúbrelo ahora