🖤3🖤

648 77 13
                                    

"Jimin မင်းနာမည်နဲ့
မုန့်တွေရောက်နေတယ်။
ဌာနတစ်ခုလုံးစာပဲ"

"ဟင်"

မည်သည့်အစားအသောက်မှ Jimin....... မှာမထားခဲ့ပါ။
သူ တစ်စုံတစ်ရာ တုန့်ပြန်ရန် ပြင်လိုက်သော်လည်း -

"Coffee ကောင်းကောင်းသောက်လိုက်ရတယ်။ ကျေးဇူးပဲ Jimin"

စီနီယာအစ်ကိုက သူ့ပုခုံးအား အသာပုတ်ကာ ဆိုသွား၏။

"မဟုတ်....အဲ့ဒါက...."

ဒါကို သူဘယ်လိုများ
ရှင်းပြရမလဲ?......။

ဌာနတွင်းမှ လုပ်ဖော်ကိုင်ဖက်များ၏ ကျေးဇူးတင်သော အကြည့်များအား စိတ်မသက်မသာဖြင့်သာတုန့်ပြန်ပြုံးပြလိုက်ရသည်။

Tiiiiii............

လက်ထဲမှ တုန်ခါလာသော ဖုန်းအားကြည့်လိုက်တော့ တစ်ခါမှ မမြင်ဖူးသည့်နံပါတ်မို့ Jimin မျက်မှောင်တို့ အလိုအလျောက်
ကျုံ့မိသွား၏။

ဒီနေ့တစ်နေကုန် စိတ်ရှုပ်စရာတွေချည်းဖြစ်နေသည်။

"Hello"

ခပ်တင်းတင်း သူ့အသံကြောင့်
တစ်ဖက်က ချက်ချင်းဖြေမလာဘဲ တိတ်ဆိတ်နေ၏။
ခဏကြာမှသာ -

"အရာရှိကြီး နေ့လယ်စာ
စားပြီးပြီလားဗျ ?"

"ကျစ်! KimTaehyung!"

"အာ...တစ်ခါထဲနဲ့ အသံကို
မှန်းနိုင်တာပဲ"

"နောက်ထပ်ဒါမျိုးတွေ
မလုပ်နဲ့တော့။
ငါ မင်းနဲ့ ကစားဖို့ အချိန်မရှိဘူး"

"ကျုပ်မှာတော့ အချိန်တွေပေါနေတယ်။ အဖေက တရုတ်က ပြန်လာပြီးကတည်းက လုပ်ငန်းကို ကိုယ်တိုင် ပြန်ဦးစီးနေလို့"

ခပ်နောက်နောက်အသံက
Jimin အား စိတ်အနှောင့်အယှက်ဖြစ်စေသည်။

"အဲ့ဒါ မင်း ​ေ ာက်ကြောင်းလေ"

"ကျုပ်ပြောပြီးပြီပဲ
ကျုပ်မှာ အချိန်တွေ ပေါနေလို့ပါဆို"

"သိပ်ပေါနေရင်
တစ်ခြားတစ်ယောက်ကိုပေးလိုက်!"

ဖုန်းချလိုက်ပြီးမှ အခန်းတွင်းဝေ့ကြည့်လိုက်တော့ မျက်လုံးပေါင်းများစွာ၏ သို့လော သို့လော အကြည့်တို့အား တွေ့လိုက်ရသည်။
သူ့အသံ နည်းနည်းကျယ်သွားပုံရ၏။

AnchorageWhere stories live. Discover now