243

2.3K 492 14
                                    

Unicode

ရှောင်လီက သူ့ကိုငြင်းဆန်ပြီး စိတ်ဆိုးစွာနဲ့ ရိုက်လိမ့်မယ်လို့ ရှန်ချန်ကျီးက တွေးထားတယ်။ သူ မမျှော်လင့်ထားတာက ရှောင်လီက တကယ်ပဲ ဒါကို စဉ်းစားနေတာပဲ။ ထို့နောက် ဒီလူသားလေးက တည်ငြိမ်အေးစက်စွာနဲ့ ပြောလာတယ်။
"ကောင်းပြီ"

ပြောပြီးတဲ့နောက် ရှောင်လီက ပြုံးလိုက်တယ်။ သူ့အနက်ရောင်မျက်ဝန်းထဲမှာ နှင်းပွင့်လေးတွေ ကျဆင်းနေသလိုပဲ သူ့အမူအရာက တုနှိုင်းမရတဲ့အထိအတွေ့ပါပဲ။ သူက လူတွေနဲ့ အကွာအဝေးတစ်ခုထားရတာကိုကြိုက်ပေမယ့် သူ့ဘက်က စပြီးနီးကပ်လိုက်တာနဲ့ လူတစ်ယောက်ရဲ့လက်ထဲကို နှင်းတွေက တတ်ကျစွာအဆက်မပြတ်ကျဆင်းလာသလိုပါပဲ။

မီးဖိုချောင်ထဲက အလင်းရောင်က ခပ်မှိန်မှိန်ပါပဲ။ ရှန်ချန်ကျီးက အပေါ်ကမီးကို မဖွင့်ခဲ့တာကြောင့် ညမီးရောင်က အကွာအဝေးအနည်းငယ်ကိုသာ တောက်ပစွာလင်းနေတယ်။ ရှန်ချန်ကျီးက သူ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး အတင်းပွေ့ဖက်လိုက်တယ်။ သူက နှင်းချပ်ကိုကောက်ယူပြီး နွေးထွေးနူးညံ့လာအောင် အချစ်ရဲ့အရောင်တွေ ဆိုးပေးလိုက် တယ်။

ဟုတ်ပါတယ်။ အချိန်က တိုတောင်းနေသေးပေမယ့် ရှန်ချန်ကျီးက ရှောင်လီရဲ့ ဖုန်းကွယ်ထားတဲ့ဘက်ခြမ်းကို ရှာတွေ့ခဲ့တယ်။ ပုံတူကမ္ဘာထဲက စိတ်ဝင်စားစရာကောင်းတဲ့အရာတွေက လွဲလို့ ရှောင်လီက ဘဝမှာ တခြားအရာတွေနဲ့ သိပ်ပြီး ကွဲပြားခြားနားမှု မရှိပါဘူး။ အနည်းငယ်တောင် ကလေးဆန်နေပါသေးတယ်။

အဲ့ဒီထဲမှာ အဝတ်အစား၊ အစားအသောက်၊ အိမ်ရာနဲ့ သွားလာလှုပ်ရှားမှု ကဏ္ဍအားလုံး ပါဝင်တယ်။ ဥပမာ သူက လိုက်ဖက်သည်ဖြစ်စေ မလိုက်ဖက်သည်ဖြစ်စေ တွေ့ကရာကို ယူဝတ်တတ်ပါတယ်။ ဥပမာ ရှန်ချန်ကျီးက အဝေးရောက်နေရင် သူကိုယ်တိုင်ဟင်းချက်မယ့်အစား ဆိုင်ကနေပဲ အော်ဒါမှာစားလေ့ ရှိတယ်။

မေးလိုက်ရင်တော့ ရှောင်လီ့ရဲ့ဖြောင့်မတ်တဲ့အဖြေကို ရပါလိမ့်မယ်။ 'ဆိုင်ကအော်ဒါမှာစားတာက ဒီနေ့ခေတ်မှာ တိုးတတ်လာပြီ။ ဟင်းချက်တာက မလိုအပ်တဲ့အရာပဲ' ဆိုပြီးတော့လေ။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now