245: Vol 17: 2

2.5K 457 10
                                    

Unicode

နောက်တစ်နေ့မှာ ရှောင်လီက သူ့အထုပ်တွေကို ထုပ်ပိုးနေတယ်။ သူက အထုပ်တွေထည့်နေတယ်ပြောပေမယ့် သူ့မှာ သယ်စရာဘာမှ မရှိပါဘူး။ သူ့အတွက်နဲ့ရှန်ချန်ကျီးအတွက် လဲလှယ်ဝတ်ဖို့ အဝတ်အစားအနည်းငယ်လောက်ပဲ ခရီးဆောင်အိတ်ထဲထည့်ပြီးတဲ့နောက် ပြီးသွားပြီ ဖြစ်တယ်။

TV မှာ သတင်းက တိုက်ရိုက်ထုတ်လွှင့်နေတယ်။ ကြေညာသူရဲ့ယဉ်ကျေးတဲ့အပြုံးက အနည်းငယ် တည်ကြည်လေးနက်နေတယ်။
"လတ်တလောမှာ တိုင်းပြည်နဲ့ တစ်ကမ္ဘာလုံး ပြင်းထန်တဲ့မိုးရွာသွန်းမှုနဲ့ ကြုံတွေ့နေရပါတယ်။ အပူချိန်က သိသိသာသာကိုပဲ ပုံမှန်မဟုတ်ပါဘူး။ အနည်းဆုံး လွန်ခဲ့တဲ့တစ်ပန်လောက်ကလွဲပြီး နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်ကြီးတွေက အတန်းတွေကို ရပ်နားထားပါတယ်။ ပြည်သူများနဲ့မိတ်ဆွေများခင်များ၊ ကျေးဇူးပြု၍ အပြင်ထွက်မယ့်အချိန်ကို လျှေ့ချပေးဖို့ ကြိုးစားကြပါ...."

ရှောင်လီက သူ့ဖုန်းကိုဖွင့်ကြည့်တော့ ဝမ်ဟွိုင်ဆီက စာရောက်နေတာကို တွေ့လိုက်ရတယ်။
[ရထားက ညနေ ၃:၀၀ နာရီမှာ]

သူတို့ရဲ့စာပို့ထားတာကို အပေါ်ဆွဲကြည့်တော့ စကားဝိုင်းက ဒီလိုပါ။

မနက် ၄ နာရီ : [ရှားလော့။ မင်း တာဝန်အသစ်ကို တွေ့ပြီးပြီလား? ငါတို့အားလုံး ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရပြီးတော့ ကူးပြောင်းဝင်ရောက်သူတွေက အဆင်ပြေပေမယ့် သာမန်လူတွေကတော့...]

အဲ့အချိန်တုန်းက ရှောင်လီက မနိုးသေးပါဘူး။ မနက် ၇နာရီလောက်မှာ ဝမ်ဟွိုင်က နောက်ထပ်စာတစ်စောင် ပို့ထားတယ် : [မင်းမှာ အချိန်ရှိရင် ယန်ပြည်နယ်ကို လာခဲ့ပါ။ ဒီမှာ တစ်ခုခု ဖြစ်နေတယ်။]

[ဒီမှာရှိတဲ့ အိမ်ကြီးတစ်အိမ်က ထိန်းချုပ်မှုကင်းမဲ့နေပြီး တစ်မြို့လုံးကို ပျံ့နှံ့နေပြီ။ အခုချိန်ထိ သိရှိထားတဲ့ တခြားနေရာတွေထပ် ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ မြန်ဆန်တယ်။ ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ချို့ ဖုန်းကွယ်ထားတယ်လို့ ငါထင်တယ်။]

အချိန်ခဏကြာပြီးနောက် ရှောင်လီက စာပြန်ထားတယ် : [လိပ်စာ။ ငါ လက်မှတ်ကြိုမှာလိုက်မယ်]

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now