chapter 26

9.2K 394 10
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 26

"တောင်းပန်ပါတယ် အန်တီ ကျွန်တော်ဇနီးစိတ်ဆင်းရဲမဲ့ကိစ္စကိုကျွန်တော်စိတ်ကူးထဲတောင်မရှိဘူး....ပြီးတော့ ကျွန်တော်မုန်းတဲ့မိသားစုကလူမို့ပိုဆိုးတယ်"

ဆောင်း သူမဘက်ကိုရပ်တည်တဲ့ယောကျာ်းဖြစ်သူကြောင့်သူမမျက်နာကျောပိုတင်းသွားရကာ အန်တီဘေးက မိန်းမကိုကြည့်လိုက်ပြီး......

"နင့်အမေက ဘယ်လိုဇာတ်အိမ်တည်ဆောက်ပြီးပို့လိုက်လည်းငါမသိပင်မဲ့ နင်အမေအကြောင်းကိုတော့ရက်ပိုင်းလောက်နေကြည့်လိုက်တာနဲ့သဘောပေါက်တယ် "

"ကိုယ်ယောက္ခမကိုပြောနေတာဆိုတာ သိရဲ့လား"

သူမထက်တဲ့အတိုင်းအချိူးကစလာတာမို့ သူမကလည်းနဂိုကတည်းကကိုယ်မဟုတ်ရင်ဘယ်သူပြောပြောခေါင်းငုံခံဖို့စိတ်ကူးမရှိတဲ့အပြင် အားကိုးပါရှိတော့......

"ယောက္ခမက ငါ့ယောကျာ်းအပေါ်တောင်မကောင်းတာ ငါ့ကကောင်းစရာလား ! အခုတောင်သာယာနေတဲ့သားရဲ့အိမ်ထောင်ရေးကိုလာဖျက်စီးခိုင်းတာမဟုတ်လား"

ဆောင်းသူမမေးတာကို စဥ်းစားတော်မှုခန်းဖွင့်နေတဲ့ ထိုမိန်းမကိုလက်ပိုက်ကခပ်ထေ့ထေ့ကြည့်နေလိုက်သည်။

"မား ဆောင်းဦးလွင်ပြောတဲ့စကားတွေက မားတို့နားထဲခါးနေမယ်ဆိုတာသိပင်မဲ့....သူမပြောတာအမှန်တွေပဲမား"

ဆောင်းပြောပြီးတယ်ဆို ထောက်ခံလာတဲ့စကားကြောင့် Mine ခေါင်းငြိမ့်လိုက်ပြီး အန်တီကိုကြည့်လိုက်ကာ....

"ကျွန်တော်ဘဝတစ်သက်သာလုံးပျော်ရွှင်မူမရှိခဲ့တာ 29 နှစ်နီးပါးပါ အန်တီ...အဲ့ဒါကိုလည်း အန်တီလည်းသိပါတယ်....အခုမှကျွန်တော်ဘဝလေးပျော်ရွှင်မူစရခါစလေးကို ပျက်စီးမခံနိုင်ဘူးအန်တီ...ဒီမိန်းကလေးကကျွန်တော်ချစ်မြတ်နိုးလွန်းလို့ယူထားတဲ့မိန်းကလေး....သူမစိတ်ထဲကျွန်တော်အပေါ်မယုံကြည့်တာမျိူးအဖြစ်မခံနိုင်ဘူး.....အန်တီဆိုရင် ဒီအိမ်ကအမြဲတမ်းကြိုဆိုပြီးသားပါ.....တစ်ခြားသူဆိုရင်တော့ ကျွန်တော်မိန်းမဆုံးဖြတ်ချက်က ကျွန်တော်ခံယူချက်ပဲ"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤حيث تعيش القصص. اكتشف الآن