16 ကျွန်မရဲ့ ချိုမြိန်လှပသောဘဝ

976 84 0
                                    

16 - ငါ ဘယ်လောက်ပဲ နိမ့်ကျနေပါစေအုံး နင့်လောက်တော့ မနှိမ့်ကျ‌သေးဘူး။

"လျန်ကျီရွှမ်း  နင်က အရူးပဲ!" ဝေ့ရှောင်ချင်းဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်သွားသည်။ "နင် သူ့ကို မရယူနိုင်လို့ နင် အရှက်မကွဲချင်တာကြောင့် ဒီလို စကားတွေ ပြောနေတာ!"

လျန်ကျီရွှမ်း သည် ကြမ်းပြင်ပေါ်သို့ ချက်ချင်း တံတွေး ထွေးလိုက်သည်။ "ဟက်ခ်... ဟုန်ယင်းရီ က ဘယ်လိုလူထင်လို့လဲ ဝေ့ရှောင်ချင်း နင်ငါ့ကို လိမ်လည်လှည့်ဖြားနိုင်ရင်တောင်မှ သူက တခြားမိန်းမတစ်ယောက်ရဲ့ အိပ်ရာပေါ်မတက်ဘူးလို့ ဘယ်သူပြောနိုင်မလဲ  ဝေ့ရှောင်ချင်း နင်က ငါနဲ့တိုက်ခိုက်ပြောဆိုဖို့မတန်‌သေးဘူး"

ဟုန်ယင်းရီ သည် လျန်ကျီရွှမ်း အတွက် အပြစ်ရှိတယ်လို့ ခံစားရသော်လည်း သူမစကားကိုကြားပြီးနောက် သူ့ဒေါသကို မထိန်းနိုင်တော့ပေ။

လျန်ကျီရွှမ်း   တံတွေးကိုတောင် ထပ်ဖြုန်းတီးဖို့ စိတ်မ၀င်စားတော့ပေ။ သူမ ဂစ်တာယူပြီး ထွက်မသွားခင် အဲဒီညစ်ပတ်စွန်းထင်း‌နေတဲ့နှစ်‌ယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။

ဟုန်ယင်းရီ  ချက်ချင်း သူမရဲ့ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ အစကတော့ သူ့ကို ချစ်သူအဆင့်အတန်းနဲ့ ဆွဲဆောင်နိုင်မယ်လို့ ထင်ထားပေမယ့် မတတ်နိုင်‌ပုံပဲ။ "လျန်ကျီရွှမ်း  မင်းထွက်သွားလို့မရဘူး။ ငါတို့နဲ့ဆေးရုံကို အခုလိုက်ခဲ့!"

ဒါကိုမြင်တော့ ဝေ့ရှောင်ချင်း  သူမဆီသွားပြီး ‌ လက်မောင်းကို လှမ်းကိုင်လိုက်၏။

လျန်ကျီရွှမ်း  ဘယ်လိုလုပ်လက်နက်ချနိုင်မလဲ။ သူမမှာရှိသမျှအားနဲ့ ရုန်းကန်‌နေရပြီး  ဝေ့ရှောင်ချင်း သည် သူမလက်မောင်းထဲ လက်သည်းနဲ့ထိုးလိုက်တော့  အရေပြားမှသွေးများထွက်လာသည်။

ထိုအချိန်တွင် အမျိုးသားနှစ်ဦးသည် တစ်မီတာမြင့်သော ခြံစည်းရိုးမှ ခုန်ဆင်းလာပြီး  အမြန်ပြေးလာကြသည်။ သူတို့ထဲက တစ်ယောက်က ဝေ့ရှောင်ချင်း ဗိုက်ကို ကန်ပစ်လိုက်၏။

ကြမ်းပြင်ပေါ်  ပစ်ကန်ခံရပြီး အော်ဟစ်လိုက်သည်။ သူမဗိုက်နာသွားတာမို့ ငိုပါတော့သည်။

ကျွန်မရဲ့ ချိုမြိန်လှပသောဘဝWhere stories live. Discover now