30 ကျွန်မရဲ့ ချိုမြိန်လှပသောဘဝ

833 64 0
                                    

30

သီချင်းဆိုနေရင်း ချင်ယွီ၏ ခြေထောက်များပါ သီချင်းနဲ့အတူ လှုပ်လာသည်။

လျန်ကျီရွှမ်း  ချင်ယွီကို ကြည့်လိုက်ပြီးနောက် သူမတို့ အားအပြည့်နဲ့ ဆက်ဆိုကြသည်။ ချင်ယွီ နဲ့ အတူ ခုန်ပေါက်ရင်း ဂစ်တာကို စိတ်နှစ်တီပစ်လိုက်၏။

ကောင်မလေးနှစ်ယောက်... တစ်ယောက်က သီချင်းဆိုနေပြီး တစ်ယောက်က ဂစ်တာတီးရင်း ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။

ဒီမြင်ကွင်းက တကယ်ကို ကြည်နူးစရာပါပဲ။

ဟန်ယွမ်ကျန်း နှလုံးခုန်သား ခုန်သွားသည်။ လျန်ကျီရွှမ်း က သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခုလိုဖြစ်နေပြီး အခုအချိန်မှာ အလွန်တောက်ပပြီး ပြိုးပြိုးပြက်ပြက်လက်နေတာပဲ။ သူမဟာ ဂီတအတွက် မွေးဖွားလာသူဖြစ်ပြီး သဘာဝအတိုင်းကို ဖြူစင်နေတာ။ သူ့ဘေးမှာရပ်နေတဲ့ ကျူးရှန်း နဲ့ တံခါးဝမှာရပ်နေတဲ့ ယွမ်ရှုန် ကတောင် သူတို့ရဲ့ခြေထောက်တွေကို မ‌ထိန်းနိုင်ဘဲ လိုက်လှုပ်နေကြသည်။

နောက်ဆုံးစာသားကိုတီးခတ်နေစဉ် ချင်ယွီသည် လျန်ကျီရွှမ်း အား အားတက်သရော သွားပွေ့ဖက်လိုက်သည်။

သူတို့နှစ်‌ယောက်ကြားက ဂစ်တာတီးသံကြောင့် ချင်ယွီ  အရမ်းစိတ်မသက်မသာဖြစ်ပေမယ့် သူမအရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူမနှလုံးသားထဲက စိတ်မသက်မသာမှုတွေ လုံးဝ ပျောက်သွားတာ။

ချင်ယွီ.... "ဒီသီချင်းကို အရမ်းကြိုက်တယ်!"

လျန်ကျီရွှမ်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံထားရသဖြင့် ပြန်ပြောရန်ပင်မေ့သွားသည်။

ရုတ်တရက်ကြီး လက်ခုပ်သံကို ကြားလိုက်ရတော့အခန်းတွင်း တစ်မိနစ်‌လောက်တိတ်ခနဲ့‌ဖြစ်သွားသည်။

လက်ခုပ်သံများက ဟန်ယွမ်ကျန်းဆီမှ ထွက်လာခြင်း။

ထို့နောက် ကျူးရှန်း နှင့် ယွမ်ရှုန် တို့ အာရုံများပြန်ရောက်လာပြီး ပျော်ရွှင်မှုနှင့်အတူ သူတို့ပါ လက်ခုပ်တီးလိုက်ကြသည်။

လျန်ကျီရွှမ်း ကိုကြည့်ရင်း ဟန်ယွမ်ကျန်း မျက်လုံးများ တောက်ပလာကာ...."ဒါက ငါကြားဖူးတဲ့ထဲ အကောင်းဆုံးသီချင်းပဲ!"

ကျွန်မရဲ့ ချိုမြိန်လှပသောဘဝWhere stories live. Discover now