24 ကျွန်မရဲ့ ချိုမြိန်လှပသောဘဝ

846 56 0
                                    

24 -

လျန်ကျီရွှမ်း ....အဖွားဖြစ်သူ လောယန်ယွမ် တစ်ခုခုကြားသွားမှာကို စိုးရိမ်တာကြောင့် သူမသွားများကို အံကြိတ်ကာ အသံမထွက်ရဲပဲ ရုန်းရင်းနဲ့ "ဥက္ကဌ ဟန်... ရှင် ဘာလုပ်တာလဲ ကျွန်မကိုလွှတ်!"

ဟန်ယွမ်ကျန်း ... သူမကို သူ့အနား... တအားဆွဲကပ်လိုက်သည်။ သူမခန္ဓာကိုယ်က ထွက်လာတဲ့ မွှေးရနံ့သင်းသင်းလေးတွေက သူ့နှာခေါင်းမှာ ပြည့်နှက်လို့။ အရမ်း သိသာလွန်းတဲ့ ရေမွှေးအနံ့ မဟုတ်ပေ ဒီကောင်မလေးရဲ့ ကိုယ်ခန္ဓာ ကထွက်တဲ့ထူးခြားတဲ့အနံ့‌လေး။ အနံ့ကမွှေးပြီးရင်း အရမ်းမွှေးတယ်။

သူ ခေါင်းငုံ့ပြီး သူမလည်ပင်းကို နမ်းလိုက်ရာ ချက်ချင်းပဲ သူ့စိတ်ထဲ ကျေနပ်သွားသည်။ ဒါဟာ အနှစ် ၃၀အတွင်း ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးနဲ့ ရှိနေတယ်လို့ ခံစားရခြင်း။ သူမနဲ့အတူရှိတဲ့အချိန်တိုင်း သူ့လက်ထဲမှာ ကမ္ဘာကြီးတစ်ခုလုံးပိုင်‌ဆိုင်နေရသလိုပဲ။

လျန်ကျီရွှမ်း ၏ နား အနား သူ့အသံက ခပ်အက်အက်နဲ့ တိုးတိုးလေး ကပ်ပြောရင်း "ကျီရွှမ်း မင်း ဒီလောက်ထိ သန်မာနေဖို့ မလိုပါဘူး"

သူမဘာကြောင့် မလိုရမှာလဲ။

သူမရဲ့အရင်ဘဝက သူမ မသန်မာခဲ့တာကြောင့် အဲ့ဒီလိုအဖြစ်ဆိုး‌တွေကို ခံစားခဲ့ရတယ်။ ဒီဘဝမှာ သူမ ကာကွယ်ချင်တဲ့သူတွေကို ကာကွယ်ဖို့ လုံလောက်တဲ့ ခွန်အားရှိကိုရှိရမယ်။

ဟန်ယွမ်ကျန်း ၏စကားကြောင့် လျန်ကျီရွှမ်း..... ဒီလူ သူမကို သနားနေမှန်း ပိုသိလာခဲ့သည်။ သူမအတွက် အခုလုပ်ခဲ့သမျှက စာနာသနားစိတ်ကြောင့်ပင်။

သို့သော် သူလိုလူက... စာနာဖို့ အချိန်ရှိသည်မှာ ရယ်စရာကောင်းသည်။

လျန်ကျီရွှမ်း .... ရိုက်နှက်ခြင်းကို ရပ်လိုက်ပြီး သူ့ရင်ခွင်ထဲတွင် နူးညံ့စွာ ပြုံးလိုက်သည်။ "ဥက္ကဌ ဟန် ကမ္ဘာပေါ်မှာ သနားစရာကောင်းတဲ့သူတွေ အများကြီးရှိတယ်။ တခြားသူတွေကို သနားလို့ရတယ် ဒါပေမယ့် ကျွန်မကတော့ သူတို့လို မလိုအပ်ဘူး"

ကိုယ်ချင်းစာတာ..သနားတာလား?

သူမအပေါ်ထားတဲ့ ကြင်နာမှုကို စာနာသနားတယ်လို့ မြင်တာလား။

ကျွန်မရဲ့ ချိုမြိန်လှပသောဘဝWhere stories live. Discover now