27 ကျွန်မရဲ့ ချိုမြိန်လှပသောဘဝ

768 57 0
                                    

27

သူမ၏ နှလုံးသား အောက်ခြေကနေ ကျူးရှန်မျက်လုံးထဲ သူမကိုအမြင်ကြည်ဖို့မလွယ်မှန်း သူမ သိသည်။

ဤအသိနှင့် လျန်ကျီရွှမ်း ပေါ့ဆမနေဝံ့ဘဲ ဖုန်းက အချိန်ကိုပြန်ကြည့်လိုက်သည်။ အချိန်က ၁၂:၁၅ ဖြစ်ပြီး ၄၅ မိနစ် ကျန်ပါသေးတယ်။

သူမနဲ့အဖွား နေ့လည်စာ မစားရသေးပေ... မနက်စာအတွက် ယာဂုအနည်းငယ်သာ သောက်ရသေးသည်။ အခု သူမမှာ နေ့လည်စာစားရန် အချိန်မရှိတော့ပေ။

လျန်ကျီရွှမ်း.... လိုအပ်တဲ့ပစ္စည်းများကို အိတ်ထဲထည့်ပြီး ဂစ်တာကိုပါ ယူလိုက်သည်။ လောယန်းယွမ်နှင့် စကားခဏစကား‌ပြောပြီးနောက် သူမ အိမ်မှ အမြန်ထွက်လာလိုက်သည်။

ဟန်မီဒီယာအုပ်စုသည် Le Reve နှင့် သိပ်မဝေးတာ‌မို့ လျန်ကျီရွှမ်း...မြေအောက်ရထားစီးပြီးရောက်တဲ့အချိန်က နေ့လည် ၁၂:၅၀ တိတိရှိနေပြီဖြစ်သည်။

သူမ... ဟန်မီဒီယာအုပ်စု ထဲသို့ ၀င်လာပြီး ကောင်တာမှ ဧည့်ခံသည့်သူများကို ယဉ်ကျေးစွာ ပြောလိုက်၏... "မင်္ဂလာပါ...ကျွန်မနာမည်က လျန်ကျီရွှမ်း ပါ။ musicဒါရိုက်တာကျူးရှန်နဲ့ ချိန်းထားတာပါ... ကျွန်မ အင်တာဗျူးလုပ်ဖို့ ရောက်နေတာပါရှင့်"

ဧည့်ခံသည် သူမကို စိုက်ကြည့်ကာ စားပွဲပေါ်ရှိ ကြိုးဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။ တဖက်လူထံမှ အတည်ပြုချက်ရပြီးနောက် ထိုသူမက... "ကျေးဇူးပြုပြီး ဓါတ်လှေကားနဲ့ ၁၈ ထပ်ကို တက်ပါ။ တစ်ယောက်ယောက်က မင်းကို အဲ့မှာ စောင့်နေပါလိမ့်မယ်။

လျန်ကျီရွှမ်း ....သူမကို ယဉ်ကျေးစွာ ကျေးဇူးတင်ပြီး ၁၈ ထပ်ကို တက်သွားလိုက်၏။ဓာတ်လှေကားတံခါးပွင့်လာသောအခါ တံခါးရှေ့တွင် လှပသောအမျိုးသမီးတစ်ဦးရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။

ထိုအမျိုးသမီးမှာ ကျူးရှန် ရဲ့အတွင်းရေးမှူးဖြစ်ပြီး သူမနာမည်က ရှီထျန်ကျန်း။ လျန်ကျီရွှမ်း ကိုခေါ်ဖို့ ဒီနားမှာစောင့်ဖို့ ပြောလိုက်တာကြောင့် စောင့်နေခြင်း‌ပေ။

အခုတော့ လျန်ကျီရွှမ်း မိတ်ကပ်မလိမ်းဘဲ ပေါ့ပေါ့ပါးပါးအ၀တ်အစားများဝတ်ထားတာကို မြင်လိုက်ရတဲ့အခါ ကြည့်ကောင်းနေမှာမဟုတ်။အတွင်းရေးမှူး..... "ကျွန်မ..နောက်လိုက်ခဲ့ပါ"

ကျွန်မရဲ့ ချိုမြိန်လှပသောဘဝWhere stories live. Discover now