PART 1

4.8K 50 1
                                    

VIOLATION ( PART 1 )
____________________

အလင်းဖျော့ဖျော့အခန်းထဲကကြက်သွေးရောင်ကတ္တီပါကော်ဇောထက်ဆီမှာအဖြူရောင်ရှပ်အင်္ကျီလက်ရှည်နဲ့ကျောက်စိမ်းရောင်လည်သာစကပ်အတိုကိုဝတ်ကာအနက်ရောင်ဒေါက်ဖိနပ်အချွန်ကိုစီးထားသောအမျိုးသမီးကဆံပင်ကိုခပ်မြင့်မြင့်စည်းနှောင်ထားသောကြောင့်စွဲမက်ဖွယ်ကောင်းနေသော်ညားပဆစ်ဒူးတုတ်ခါးကိုမတ်မတ်ထိုင်နေရပုံမှာသက်တောင့်သက်သာရှိနေဟန်မပေါ်ပေ။
သို့သော်လည်းစိတ်လှုပ်ရှားမှုထင်ဟပ်နေသောသူမမျက်နှာမှာတစ်စုံတစ်ခုအားမျှော်လင့်စောင့်စားနေဟန်တူသည်။
ထိုအတူ‌အခန်းအပြင်ကော်ရစ်တာမှမဟော်ဂနီရောင်တံခါးအားတွန်းဖွင့်သံနှင့်အတူ ကြောင်လေးတစ်ကောင်ကဲ့သို့ ခပ်သွက်သွက်ဆတ်ကော့လက်ကော့ဟန်ရှိသည် မိန်းခလေးတစ်ဦးမှာ ကျော့ကျော့မော့မော့ဝင်လာလေသည်။
သူမက ရွှေရောင်သန်းနေသော ဆံနွယ်အခွေကြီးများအားဖျားလျားချကာ သက်တောင့်သက်သာရှိစေသော ပေါင်လည်သာသာရှိသည့်ပိုးသားအပျော့အင်္ကျီလက်ရှည်အားဝတ်ဆင်ထားပြီးကြောင်ရုပ်ပုံအမွှေးပွအိမ်စီးဖိနပ်အားစီးနင်းထားသည်။အပိုအလိုမရှိတိတိပပသဏ္ဍာန်ပန်နုရောင်လက်သည်းများနှင့်သွယ်လျှနေသောလက်ချောင်းများကြားတွင် လုံးပတ်လက်သန်းလုံးခန့်၊အရှည်တစ်တောင့်တစ်ထွာသာသာခန့်ရှိပြီး လက်ကိုင်တွင်အဖြူရောင်အမွှေးပွဖြင့်ပတ်ထားသည့် ကြိမ်လုံးရှည်မြောမြောလေးတစ်ခုအားဆော့ကစားလျှက်ပဆစ်ဒူးတုတ်ထိုင်နေသောအမျိုးသမီးရှေ့သို့လျှောက်သွားလေသည်။
ယခင်ကတည်းကအခန်းထဲရှိနေခဲ့သောအမျိုးသမီးမှာပို၍ပင်စိတ်လှုပ်ရှားလာပုံရကာဝင်လာသောအမျိုးသမီးလေးအားမော်ကြည့်လိုက်လေသည်။

ရွှမ်း...
"အခွင့်မရှိပဲဘာလို့မော်ကြည့်တာတုန်း!"

ကြိမ်လုံး၏ရိုက်ခတ်သံနှင့်အတူခပ်ဆတ်ဆတ်သတိပေးသံမှာထိုအခန်းအတွင်းအသက်ဝင်ရိုက်ခတ်သွားသည်။ထပ်တူကော်ဇောထက်မှအမျိုးသမီးသည်တုန်တတ်သွားကာပိုမိုစိတ်လှုပ်ရှားလာသော်ညားထပ်မံ၍မော်မကြည့်တော့ပဲခေါင်းကိုငုံ့ထားလေသည်။

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now