PART 6

1K 21 0
                                    

VIOLATION ( PART 6 )
______________________

"ထား‌ လေးနိုးလာပြီလား။
မေနု သမီးကြိုက်တဲ့ကြေးအိုးချက်ထားတယ်။
ဒါနဲ့သမီးညကနေမကောင်းဘူးဆိုကွဲ့။"

ထားလှေခါးမှဆက်ဆင်းလာကာ
"မေနုကို Babyပြောတာ‌လား?"

"Babyဆိုတာ ဟိုဝိုင်ဆိုတဲ့ကလေးကိုပြောတာမလား?"

"မေနု Babyကိုဘယ်လိုခေါ်လိုက်တာလဲ။"

"မေနု မေနု ထားလေးပြောသလိုခေါ်ပါတယ်။
ဒါပေမယ့်ဝိုင်လေးက မကြိုက်ဘူးဆိုလို့ ကလေးလို့ပဲမေနုခေါ်လိုက်တာ။ဝိုင်လေးက သမီးမဆူအောင်ပြော‌ထားမယ် သူ့ကိုအဲ့အတိုင်းခေါ်တာသဘောကျတယ်ဆိုလို့ပါကွယ်။"

"အော်...
အဲ့လိုလား။"
ထားခေါင်းငြိမ့်မိကာသဘောကျသွားသည်။

"သမီး ညကနေမကောင်းဘူးဆိုတာလေ၊သက်သာပြီလားဟင်။
မေနုဆရာဝန်ခေါ်လိုက်ရမလားဟင်။"

"ဟာ မေနုကလဲ၊ဆရာဝန်ခေါ်ရတဲ့အထိမဟုတ်ပါဘူး။
ထားအဆင်ပြေနေတာပဲကို။နေလဲကောင်းနေပါပြီ။ဒီတိုင်းကိုယ်လက်နဲနဲကိုက်ခဲနေရုံပဲ။"
ဟုဆိုကာခုံတွင်ဝင်ထိုင်လိုက်သည်။
"အော်!မေနု
ညက Babyယူလာတဲ့ဆန်ပြုတ် ဘယ်သူချက်ပေးတာလဲဟင်။"

"အဲ့တာလား။သမီးနေမကောင်းဘူးဆိုပြီး ဝိုင်လေးကသူ့လက်သူ့ခြေ သူ့ဘာသာဝင်ချက်သွားတာပဲကွယ်။မေနုတားတာလဲမရဘူး။မိသိမ့် နဲ့ မိညှက်ကို ပဲဘေးကကူခိုင်းလိုက်ရတယ်။
ဘာများအဆင်မပြေလို့လဲသမီး။"

"ဘယ်ကလာမေနုရာယ်။ထားသောက်နေကျလိုမဟုတ်လို့မေးကြည့်တာပါဆန်ပြုတ်ကသောက်လို့ကောင်းပါတယ်။အခုရောအဲ့ဒိဆန်ပြုတ်ကျန်သေးလားဟင်။ကောင်းရောကောင်းသေးလားဟင်။"

"ရှိပါသေးတယ်။ညကဝိုင်လေးကကျန်တာ‌ကိုသေချာသိမ်းထားခိုင်းထားလို့ဆိုပြီးဟိုကလေးမတွေသိမ်းထားကြတယ်။သမီးစားချင်ရင်မေနုနွှေးပြီးပြင်ခိုင်းလိုက်မယ်လေနော်။"

"ဟုတ်မေနု၊အော်ဒါနဲ့Babyကိုမတွေ့ပါလားမေနု?"

"အေး ဟုတ်သားပဲ ဒီကလေးဆင်းလာတာမေနု မတွေ့မိသေးဘူးကွဲ့။"

"ဆင်ကိုမလာသေးတာပါမမထား။မမလေးဝိုင်နိုးတောင်နိုးသေးရဲ့လားမသိဘူးမမထား။"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now