PART 17

705 21 5
                                    

VIOLATION ( PART 17 )
_____________________

ရင်ခွင်ထဲမှတုံနိဘာဝေတိတ်ဆိတ်နေသော မ အားစိတ်တိုစွာပင်
"ဒါက ဘာဖြစ်တာလဲမေးနေတယ်လေ!"
ဟုဆိုကာခပ်မာမာအသံမြှင့်ကာအော်လိုက်သည်။

"ဟို...
ဒါက...
ဒါကလေ ဒီတိုင်းပါပဲ၊ပြဿနာလေးတွေနဲနဲရှိတော့ မ ကိုယ်တိုင် အထိအခိုက်နဲနဲဖြစ်သွားရုံလေးပါ။အရမ်းကြီးမများပါဘူး။"

"အော်... ဟုတ် လား...
အဟင်း သိပ်မနာဘူးပေါ့။"
ဟုဆိုကာ သွေးစွန်းနေသောပတ်တီးရှိရာသို့ လက်ဖြင့်အားအနည်းငယ်စိုက်၍ ဖိလိုက်ရာ
စိုစွတ်မှုနှင့်အတူ အံ့ကြိတ်သည်းခံနေသော မ မျက်နှာအားမြင်ရလေသည်။

"မနာဘူးမလား၊ အင်း သိပ်မနာလောက်ပါဘူး ဟုတ်တယ်မလား မထိပ်တင်ထား။
မေးနေတယ်လေ၊တစ်ကယ်မနာဘူးမလားလို့။"

ဟုဆိုကာ  လူကိုအိပ်ယာထက် အကြမ်းပတမ်းတွန်းလှဲလိုက်ပြီး အနီးအနားတွင်တင်ပေးထားသော ရေခရားများဖန်ခွက်များကို အားကုန်ပေါက်ခွဲပြီး စိတ်ထဲမှတရိတ်ရိတ်တတ်လာသောဒေါသကိုဖြေဖျောက်လိုက်ရသည်။

ကို့အပိုင်ဟုသတ်မှတ်ထားသည့်ဘယ်အရာမဆို ကိုယ်တိုင်သာလျှင်ဖျက်ဆီးချင်သည်။
ကိုယ်တိုင်သာလျှင်ဒုက္ခပေးချင်သည်။
ကိုယ်တိုင်သာလျှင် ရက်စက်ပြီး အဆုံးသတ်ပြစ်ချင်သတ်ပြစ်မည် တစ်ပါးသူလက်ဖျားနှင့်ထိတာပင်မကြိုက်ပေ။
ယုတ်စွအဆုံး ကိုယ်တိုင်ပင်နာကြင်အောင်လုပ်တာမျိုးဒဏ်ရာဖြစ်စေတာမျိုးမလိုလားပေ။

လူကိုမဆိုသာ ခြံထဲကခွေးနှင့်အပြင်ခွေးကိုက်ရင်တောင် ကြားထဲက ဝင်ရိုက်တတ်သည့်လူစားဖြစ်ရာ‌ကို့ခံစားချက်အတိုင်းအတာကိုတွေးကြည့်နိုင်သည်။

မကြာပါဘူးဟုထင်ထားခဲ့ရာ လချီကြာသည့်အပြင် ဘာသတင်းမှမကြားရပါပဲ ပြန်လာတော့လဲ ဒဏ်ရာဒဏ်ချက်နှင့် အနားမယူပဲ ကို့အနားသို့တိုးဝင်လာသေးသည်။
အကြောတင်သလောက် အနာခံနိုင်သည်လူစားမျိုးပင်။
တွေရင်းတွေးရင်းဒေါသတလိပ်လိပ်တတ်ကာ

"ခဗျာကိုဘာပြောထားလဲ ဟမ်!
ဘာ ပြောထားလဲလို့
မေးနေတယ် နားမပါဘူးလား။"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now