PART 3

1.6K 25 0
                                    

VIOLATION ( PART 3 )
_____________________

နေရောင်ခြည်တစ်စွန်းတစ်စထိုးဖောက်ဝင်ရောက်လာမှုနှင့်အတူ Y နိုးထလာခဲ့သည်။
ထုံးစံအတိုင်းအပျင်းကျောလျှော့လူးလှိမ့်ရန်ကြိုးစားလိုက်ရာမထင်မှတ်ထားသောအတားအဆီးများအားရိုက်ပုတ်မိသွားသည်။
အတိတ်တလန့်ထကြည့်မိသောအခါညတည်းကပင်မပြန်ပဲထိုင်ရက်အိပ်ပျော်နေသော ထိပ်တင်ထားအားတွေ့လိုက်ရသည်။ ထို့အတူသူမသည်လဲလူးလွန့်ကာနိုးထလာသည်။

အိပ်မှုံစုံမွှားနှင့်သူမက
"ဟင်! Y နိုးနေပြီလား။"

"အင်း... နိုးပြီဆိုပါတော့"
ပြောပြောဆိုဆိုပင်ခန္ဓာကိုယ်အားပြန်လှည့်ကာသူမရင်ခွင်ထဲပြန်မှီချလိုက်သည်။
ထို့နောက်သူမအားမော်ကြည့်ကာ
"ညကဘာလို့ပြန်မအိပ်တာလဲ Yနိုးသွားမှာဆိုးလို့လား?"

"အာ...အဲ့တာကဟုတ်‌တယ်ပြောရမလားပဲ၊ထားစောင့်ပြီးနှိပ်ပေးရင်းကအိပ်ပျော်တာသိပေမယ့်နိုးမှာဆိုးလို့ထိုင်စောင့်ရင်ဒီတိုင်းအိပ်ပျော်သွားတာပါ။တောင်းပန်ပါတယ်။အခွင့်မရှိပဲကုတင်ပေါ်အိပ်ပျော်သွားမိတာကိုထားတောင်းပန်ပါတယ်။"

ကောင်းစွာအသိစိတ်ဝင်ကာအခြေနေကိုရိပ်စားမိ‌သွားသောသူမကစိတ်လှုပ်ရှားစွာတောင်းပန်နေလေသည်။ထို့အတူတုန်ယင်သွားသောသူမခန္ဓာကိုယ်အားမှီးထားလျှက်ခံစားလိုက်ရသည်။
Yမချိုမချဉ်ပြုံးလျှက်
"ဘာလိုချင်လဲ..."

"ဟင်...ဘာကိုလိုချင်ရမှာလဲဟင်။အပြစ်ပေးမှာမဟုတ်ဘူးလားဟင်။"
ပြူးကျယ်ဝိုင်းစက်နေသောမျက်လုံးရွဲများဖြင့်ငုံ့ကြည့်လာသောသူမအားစချင်သောစိတ်ဖြင့်

"အခုကအပြစ်ပေးသင့်လား?
ဒါမှမဟုတ်ဆုပေးသင့်လား?"
ဟုဆိုကာမျက်ခုံးတစ်ဖက်အားမှိတ်ပြလိုင်သည်။

သူမစကားကြောင့်ခပ်ကြောင်ကြောင်ဖြစ်မိသွားသောထားသည် စီးပွားရေးသမားပီပီပင်

"ထားကတော့ ပြစ်ဒဏ်အတွက် အပြစ်ပေးသင့်သလို၊ဆုပေးသင့်တဲ့အခါဆုပေးသင့်တယ်လို့ပဲခံစားမိပါတယ်။ဒါပေမယ့်ဆုပေးတယ်၊အပြစ်ပေးတယ်ဆိုတာကလဲတစ်ကယ်တော့Yရဲ့အလိုတော်ကျပါပဲ။ထားကYကိုဦးတည်လှည့်ပတ်နေတဲ့ဖြစ်တည်မှုအဖြစ်ကျေကျေနပ်နပ်‌ရွေးချယ်ထားမိတာကြောင့်ပါ။"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now