PART 18

592 24 3
                                    

VIOLATION ( PART 18 )
_____________________

ဒဏ်ရာသက်သာပြီးနောက်ပိုင်း သူမလဲ အလုပ်များနေသလို Y လဲ Vlog များရိုက်ကာ ပုံမှန်ပင်ဆက်သွားနေမိသည်။
အချိန်ကုန်မှန်းမသိကုန်လာသည့်နောက် လအတော်အတန်ကြာ ကို့ဘဝနှင့်ကိုယ်သီးခြားစီဖြစ်လာသည်။
ယခုလဲ မန္တလေးတွင် ကျင်းပသော BDSM ပါတီပွဲဖိတ်စာရသဖြင့် ပွဲတတ်ရန်လာခဲ့ခြင်းဖြစ်သည်။
VVIPပွဲကြီးများတော်ရုံမတတ်ဖူးသဖြင့် လာဖိတ်သည့်အပေါ်အံ့ဩမိသည်။
တိတ်တဆိတ်စုံစမ်းကြည့်ရာ အမှန်ဖြစ်နေသည့်အပြင် ရထားသည့် ဖိတ်စာကဒ်မှာ DIAMOND အဆင့်ဖြစ်နေသဖြင့် ထူးဆန်းနေသလိုခံစားရသည်။
သို့သော်ထွေထွေထူးထူးပြင်ဆင်မနေပဲ စတိုင်ပန်နှင့်ကုတ် နီညိုရောင်ရွှေနားကွပ်ဝတ်စုံကို ဒေါက်ဖိနပ်အမြင့်နှင့်တွဲဖက်ဝတ်ဆင်ကာ ဆံပင်ကို ‌ပင့်မြှောက်၍ခပ်ရိုးရိုးပင်စည်းနှောင်ထားလိုက်သည်။ရိုးရိုးရှင်းရှင်းပင်ဝတ်ကာ လိုအပ်သည်များယူပြီးနောက် ပွဲရှိရာသို့ထွက်လာခဲ့သည်။
သို့သော်ဖိတ်စာအစစ်ဆေးခံ၍ပွဲသို့ဝင်ရန်လုပ်ချိန်တွင်
အထူးစီစဉ်ပေးမှုဟုဆိုကာ‌ပန်းကနုတ်ဖောင်းကြွချည်ထိုးဇာရွှေရောင် မျက်နှာတစ်ဝက်ဖုံးမျက်နှာစည်းလေးအားပေးလာသဖြင့်တပ်ဆင်လိုက်ရပြီး
အပြင်ဘက်တွင်တိတ်ဆိတ်နေသည်ထင်ရသော်လဲ ဧည့်ကြိုလေးတွေ၏ လိုက်ပို့မှုကြောင့်ပွဲကျင်းပရာ အိမ်ကြီးရှေ့သို့ရောက်လာပြီး တံခါးဖွင့်ပေးလေရာ တံခါးအပွင့် စူးစမ်းလိုသောမျက်လုံးအကြည့်များအောက် မျက်နှာဖုံးတပ်ဆင်ထားတာကြောင့်ရောပါသိပ်စိုးရိမ်ပူပမ်မှုမရှိပဲ အနီရောင်ကော်ဇောထက်ဆီသို့ခြေချရင်း စမတ်ကျကျပင်ခေါင်မော့ရင်မော့ရင်ကော့ကာ လျှောက်လှမ်းဝင်သွားခဲ့သည်။
ဖိတ်စာလက်ခံယူကာ လမ်းပြပေးသည့်ကလေးမကပင် လှပကာသီးသန့်ဆန်သော ထိုင်ခုံဆီခေါ်သွား၍နေရာချပေးလေရာ ခြေချိတ်၍ထိုင်ချလိုက်ပြီး တစ်ခန်းလုံးအားဝေ့ကြည့်ကာ လေ့လာအကဲဖြတ်နေလိုက်သည်။ကြည့်ရသလောက် စာပွဲဝိုင်းနဘေးခုံပေါ်တွင်ထိုင်နေကြသည်ရှိသလို ကြမ်းပြင်ပေါ်တွင်မတ်တပ်ရပ်နေကြသည့်သူများလဲရှိနေသည်။အနဲစုကမျက်နှာဖုံးတပ်ထားကြပြီးအများစုမှာမူမျက်နှာကိုအထူးတလည်ဖုံးကွယ်ထားကြခြင်းမရှိပေ။
အခန်းအလယ်တည့်တည့်တွင်မူ စိတ်စင်တစ်ခုရှိနေပြီး အဝိုင်း ပုံသဏ္ဍာန်တည်ဆောက်ထားသည်။
အထပ်အားဖြင့်အနိမ့်အမြင့် 3ထပ်ရှိပြီး အလယ်အမြင့်ဆုံးအထပ်တွင်မူ ထူးထူးခြားခြား အဖြူစွတ်စွတ်အမွှေးပွကော်ဇောကိုခင်းကျင်းထားပြီးကျန်ပတ်ပတ်လည်နှစ်ဆင့်ကိုမူ ဒုတိယထက်တွင် အနက်ရောင်အမွှေးပွကော်ဇောခင်းထားပြီး
အောက်ဆုံးအဆင့်တွင် အစိမ်းရောင်မြက်ခင်းတုကော်ဇောကိုသာခင်းကျင်းထားသည်။
ယနေ့ညပါတီတွင် ထိုစတိတ်စင်ကအသက်ပင်ဖြစ်ပုံရသည်။
မကြာမှီ cosplay ဝတ်ဆင်ထားကြသောယောက်ျား၊မိန်းမ ငယ်လေးများက အဖျော်ယမကာများဖြင့်ဧည့်ခံကြပြီး မကြာမှီပွဲစတင်တော့မည်ဖြစ်ကြောင်း တလေးတ‌စားပင်တီးတိုးပြောပြခဲ့ကြသည်။
ဧည့်ခံကြိုဆိုမှုကပင်အဆင့်အတန်းခွဲခြားထားပုံရကာ သီးသန့်အဖိတ်မခံရဟုထင်ရသည့်သူများမှာမူ တွေးတတ်လျှင်ခွဲခြားခံရမှုက သိမ်ငယ်ကြရမည့်ပုံစံမျိုးဖြစ်နေသည်။
နောက်မှ Y သိရသည်မှာ Role အရအစတည်းကပင်ခွဲခြားခံထားကြရတာဖြစ်ပြီး ပါတီပွဲတတ်ရောက်နိုင်ရင် 3လကြိုစာရင်းသွင်း၍ဈေးကြီးပေးဝင်ခွင့်လက်မှတ်ရယူဖို့ရာကြိုးစားကြရသည်ဟုဆိုသည်။
ထိုထဲတွင်မျက်နှာဖုံးတပ်ဆင်ကြရသူများသည် အထူးတလည်ဖိတ်ကြားခံရသည့်ပွဲတတ်သူများသာဖြစ်ပြီး မျက်နှာဖုံးအလိုက်ထပ်မံခွဲခြားထားသည်ဟုသိရသည်။
ထိုဖိတ်ကြားခံရသူများသည် ဆင်းရဲချမ်းသာကြောင့်မဟုတ်ပဲ အမှတ် မဲစနစ်ဖြင့်ရွေးချယ်ဖိတ်ကြားခံကြရသည့် နာမည်ကြီး player များသာဖြစ်ကြလေသည်။
ထို့ကြောင့် လူတစ်ယောက်နှင့်တစ်ယောက်သေချာမသိပဲနှင့် ဘယ်သူဘာဆိုတာကိုခွဲခြားသိနိုင်စွမ်းမရှိသောတွေ့ဆုံပွဲတစ်ခုဖြစ်သည်မို့ မည်သူ့ကိုမဆိုသတိထားဆက်ဆံသင့်သည်မဟုတ်ပါလား။
ထိုစဉ်သာယာသောခေါင်းလောင်းသံနှင့်အတူ 150ကျော် 200ဝန်းကျင်ရှိသည့်ခန်းမအတွင်းမှလူအားလုံးတိတ်ဆိတ်သွားကြပြီး အသီးသီးသတ်မှတ်နေရာများတွင်ခွဲဖြန့်နေရာယူကြရာ ခန်းမကြီးမှာအလိုလိုရှင်းလင်းသေသပ်သွားသယောင်ခံစားလိုက်ရတော့သည်။
လင်းထင်းနေသောခန်းမကြီးမှာလဲ စိတ်စင်တစ်ခုသာ အသားပေးလင်းထိန်စေပြီး ကျန်နေရာများတွင်မူဝါကျင့်ကျင့်မီးအလင်းယောင်ယောင်လေး သာရှိနေလေတော့သည်။
ထိုနောက်စတိတ်ပေါ်သို့ လူကြီးလူကောင်းဆန်သည့်မျက်နှာဖုံးရှင်တစ်ဦးနှင့် နွဲ့နှောင်းလှပသည့်မျက်နှာဖုံးရှင်တစ်ဦး Cosplay ဒီဇိုင်းများဖြင့်တတ်လာ၍ အစိမ်းရောင်စတိတ်တွင်သာ အစီအစဉ်များဆက်တိုက်ကြေညာ၍ အစီအစဉ်များကိုအဆက်မပြတ်ကျင်းပ‌သွားလေသည်။
ထိုထဲတွင်ပေါ့ပေါ့ပါးပါးမိတ်ဆက်ခြင်း ပါတနာရှာခြင်း public players များဖြင့်ပုံစံမျိုးစုံနည်းမျိုးစုံဖြင့်playခဲ့ကြပြီး အရမ်းစုတ်ပြတ်ရွံရှာဖွယ် ကစားနည်းများတော့မပါဝင်ခဲ့ကြပေ။
ပါတီတတ်ရောက်လာသူ အများစုပါဝင်ကြပြီး ထိအထဲတွင် ဖိတ်ကြားထားသည့်မျက်နှာဖုံးရှင်များလဲပါဝင်ကြသည်။
ပေါ့ပေါ့ပါးပါး အစီအစဉ်များပြီးနောက် အဓိကအစီအစဉ်များရောက်ရှိလာသလို အများစုကလဲစိတ်ကြိုက်ပျော်ခဲ့ရ၍ကျေနပ်မှုရှိနေကြသည်။
သို့သော် အရမ်းတည်ငြိမ်နေခဲ့ကြသည့်သူအများစုမှာမူ ယခုမှပင် မျက်ဝန်းများတောက်ပ၍ စိတ်ဝင်တစားရှိလာကြသည်။
ထို့အတူသန်သန်မာမာလုံခြုံရေးတစ်ချို့ ထွက်လာကြပြီး စင်မြင့်ပတ်ပတ်လည်တွင်ရပ်နေကြသည်။
အမြင့်ဆုံးကော်ဇောဖြူအမွှေးပွထက်တွင် ရွှေရောင်အနားသတ်ဖြင့်နက်ရောင်လည်သာခုံတစ်ခုကိုဝင့်ထည်စွာနေရာချထားလေသည်။
ပေါင်ရင်းထိခွဲထားကာ ကြက်သွေးရောင်Dress အရှည်ကို ဝတ်ဆင်ထားသည့် ဆံပင်ရှည်ရှည်ဖြင့်အမျိုးသမီးတစ်ယောက်သည် စတိတ်စင်အစိမ်းထက်သို့တတ်လာ၍လူအများအားနှုတ်ဆက်ကာအစီအစဉ်ကိုကြေညာလေသည်။
"အားလုံးပဲ မင်္ဂလာပါ။
ပါတီလေးက လူကြီးမင်းတို့မျှော်လင့်ထားသလိုပဲ ထပ်တူကျမယ်လို့ယုံကြည်ပါတယ်။
ထုံးစံအတိုင် ဒီပါတီပွဲရဲ့အဓိကအသက်ဖြစ်တဲ့ အစီစဉ်တွေကတော့အခုမှသာစတင်မှာဖြစ်ပါတယ်။ရှေ့ဦးစွာမြင်နေရတဲ့အတိုင်းပဲ DSလောကမှာ public ဆန်ဆန်တွဲနေကြတဲ့သက်တမ်းရင့် DS Relationship တွေအများကြီးရှိတဲ့အနက် တစ်ချို့တွေကကောင်းစွာအဆုံးသတ်ခဲ့ကြပြီး တစ်ချို့ကတော့ အဆုံးသတ်ချင်ပေမယ့် ယခုအချိန်ထိတိုင် အကြောင်းအမျိုးမျိုးကြောင့်အဆုံးသတ်ခွင့်မရကြတဲ့သူတွေရှိတယ်ဆိုတာ လူတိုင်းအသိပါ။တစ်ချို့က BDSM လောကသားတွေအတွက် စိတ်ပျက်စရာလုပ်ရက်တွေနဲ့ အကြပ်ကိုင်မှုတွေရှိနေတဲ့အပေါ် တောင်းဆိုမှုတွေကြောင့် ဒီလိုပွဲကျင်းပရာနေရာမှာ မျက်နှာဆုံညီဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်။သိတဲ့အတိုင်းပဲ ဆွေးနွေးညှိနှိုင်းပေးမှု့အပေါ် လက်ခံခဲ့ပြီးကာမှ ထပ်မံချိုးဖောက်စော်ကားမှုတွေလုပ်ခဲ့မယ်ဆိုရင်တော့ ယခင်စည်းမျဉ်းစည်းကမ်းတွေအရ အားလုံးသိတဲ့အတိုင်းပဲ ရှင်းလင်းဖျောက်ဖျက်ခံရမှနောင်တမရကြဖို့ကျွန်မကပဲ ဒီကနေထပ်မံသတိပေးအပ်ပါတယ်။
ဒီနေ့ပွဲမှာတော့ အရင်ကလောက်မများပဲ အတွဲ 7တွဲကိုသာဖြေရှင်းပေးသွားမှာပါ။"
ဟုဆိုကာအစဉ်လိုက်တစ်တွဲချင်းဆွဲထုတ်၍ ဖြေရှင်းပေးလေတော့သည်။
ပထမအတွဲကတော့ ...
ဒုတိယအတွဲ...
တတိယအတွဲ... စသည့် 3တွဲလုံးမှာ ကြီးကြီးမားမားပြဿနာမဖြစ်ခဲ့ကြပဲ နားလည်မှုလွဲခဲ့ကြသည်သာများသဖြင့် ဆွေးနွေးညှိနှိုင်းမှုအားအေးဆေးသက်သာစွာပြီးဆုံးသွားခဲ့ပြီး။
4တွဲမြောက်တွင် စတင်ဂယက်ထလေတော့သည်။
Dom နှင့် Sub အကြားနှစ်ဦးသဘောတူညီချက်ကို Dom ဘက်မှချိုးဖောက်ခဲ့သည်ကို Subမှနားလည်မပေးနိုင်သဖြင့်စွန့်ခွာဖို့လုပ်ရာ အသာတကြည် အလွတ်မပေးပဲ လူမှုပတ်ဝန်းကျင်သို့ပါ ဂယက်ရိုက်စေပြီး အသက်အန္တရာယ်ထိပါခြိမ်းခြောက်လာခဲ့လေသည်။
ထို့ထက်ထူးခြားသည်မှာ ထိုDomသည် ပထမအကြိမ်ဆွေးနွေး ညှိနှိုင်းစင်ပေါ်ရောက်ရှိလာခဲ့ခြင်းမဟုတ်ပဲ တတိယအကြိမ်ပင်ဖြစ်ကာ ထိုကဲ့သို့ကြူးလွန်မှု များနောက်ကွယ်တွင် ထင်ရှားသည့်သက်သေ သက်ကာရမရရှိခဲ့သဖြင့်လွှတ်ပေးခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် Sub ဘက်မှအရေးသာသွားပြီး Domဆိုသူကိုဆွဲထုတ်သွားကြ၍ စင်မြင့်ပေါ်တွင် ရုန်းရင်းဆန်ခတ်အနဲငယ်ဖြစ်ပွားခဲ့သည်မှလွှဲအခြေနေတည်ငြိမ်ခဲ့သည်။(နောက်နေ့တွင် ထိုသူ Accident ဖြစ်သည့်နာရေးသတင်း သတင်းစာထဲထိပင်ပါလာလေသည်။)
5တွဲမြောက် Master & Slave မှာမူ Slave၏ဘောင်ကျော်ခြင်းသာဖြစ်ပြီး ထိုအမျိုးသမီးမှာ Master အမျိုးသား၏ Official lifeအထိပါနှောက်ယှက် ခဲ့သဖြင့် ထိုအမျိုးသားအဖို့ အိမ်ထောင်ရေးပျက်ပြားခဲ့ရသလို အတော်အတန်လွှမ်းမိုးနိုင်စွမ်းရှိသော Slave အမျိုးသမီး၏အကြပ်ကိုင်ခြိမ်းခြောက်လက်ထပ်ခိုင်းခြင်းမှ ရုန်းထွက်လိုသဖြင့်ထိုနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အချေအတင်စကားများခဲ့ကြသလို ကြားထဲမှဆွေးနွေးညှိနှိုင်းမှုများကြောင့် အမျိုးသားမှစိတ်ကူးပြောင်း ကာ အမျိုးသမီးအားလက်ခံခဲ့သော်လည်း ထိုအမျိုးသမီးအဖို့အေးချမ်းဖို့မမြင်သော လမ်းတစ်ခုကစီးကြိုနေမည်မှန်းခန့်မှန်းလို့ရပေသည်။
6တွဲမြောက်မှာမူ အနဲငယ် ထူးခြားပြီး ပတ်ရှုပ်နေကြသော Relationship ကြီးတစ်ခုဖြစ်နေလေရာ တော်တော်အချိန်ယူဖြေရှင်းကြရလေသည်။

နောက်ဆုံးတစ်တွဲတွင်မူ ရင်ဆိုင်ကြသူနှစ်ဦး စတိတ်စင်ပေါ်ရောက်သွားသည်နှင့်အခန်းအတွင်းရှိဝေဖန်နေမှုများတိတ်ဆိတ်သွားပြီး လေထုမှာသိပ်သည်းလေးလံလာသလိုခံစားရလေသည်။
တစ်ဦးမျက်နှာမှာ လေးနက်တည်ငြိမ်နေသလောက် နောက်တစ်ဦးကမူ ဒဏ်ရာဒဏ်ချက်များဖြင့်ဖေကူထောက်မ ထားရလေသည်။
နှစ်ဦးစလုံးမှာ ယောက်ျားလေးများဖြစ်ကြပြီး ဒဏ်ရာဒဏ်ချက်မှားနှင့်သူမှာ သန်မာထွားကျိုင်းသည့် ဟန်ပန်ရှိသော်လဲ ပြိုလဲလုလုဖြစ်နေပြီး တစ်ဖက် ဖြူနုလှပနေသောကောင်လေးမှာမူ တည်တင်းသည့် မျက်နှာဖြင့်ရပ်နေသော်လည်း မျက်ဝန်းအစုံမှာမူ ဝမ်းနဲရိပ်များသန်းလို့နေလေသည်။
ကူညီဖြေရှင်းဖြောင်းဖြကြမည့်သူများမှာလဲ ယခင်အတွဲများကဲ့သို့တတ်ကြွမှုသိပ်မရှိလှပဲ စိတ်မကောင်းသည့်အရိပ်အယောင်များလွှမ်းနေကြကာ ဝင်ဖြေရှင်းပေးကြမည်ထက် ကာယကံရှင်နှစ်ဦးသာ ထိပ်တိုက်ဖြေရှင်းစေချင်ပုံပိုရလေသည်။

_______________________________

စိတ်ထွေနေတုန်း ရသလောက်ရေးတင်ပေးလိုက်တာ။
ဒီခေတ်ကာလကြီးမှာလူတိုင်းပြဿနာတစ်ခုမဟုတ်တစ်ခုကြုံကြရတာပါပဲ။
ကိုယ်လဲမိသားစုပြဿနာတွေ သင်တန်းကိစ္စတွေနဲ့ စိတ်ထွေလို့ ဝါဿနာအရရေးတဲ့ဒီficကို update မမှန်တာပါ။
စောင့်ဖတ်ပေးကြတဲ့သူတွေလဲ ကျေးဇူးတင်ပါတယ်။
ပြီးအောင်ရေမယ်ရည်စူးထားတာမို့ကြာရင်သာကြာမယ်ဆက်ရေးသွားမှာပါ။
ကို့Ficကို Note ထားပြီးအစီအစဉ်တကျကြိုချထားတာမဟုတ်ပဲ စိတ်ထဲအဆင်ပြေသလိုတွေးရေးသွားတာမို့လို့လမိုင်းမကပ်ရင်ရေးရအဆင်‌မပြေတာ အချိန်ဆွဲသလိုဖြစ်တာမို့ပါ။
ဘာနေနေ သဘောကျပေးတဲ့သူတွေကို တစ်ကယ်ကျေးဇူးတင်ပါတယ်နော်။🥰

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now