INTRO

2.3K 107 21
                                    

UNICODE

ဒီကမ္ဘာကြီးမှာ
မျိုးနွယ်စုသုံးစု ကျက်စားနေထိုင်တယ်။

ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်းမျိုးနွယ်စုရယ်
ဗန်ပိုင်းယားလို့ခေါ်တဲ့ သွေးသောက်မျိုးနွယ်စုနဲ့
ထူးဆန်းအံ့ဖွယ်တွေ ဖန်တီးနိုင်တဲ့
မှော်ဆရာမျိုးနွယ်စုရယ်။

လူသားစင်စစ် မျိုးနွယ်စု ရှိပေမဲ့လည်း
သူတို့ကိုတော့ အလေးပေး စာရင်းမသွင်းကြဘူး။

ကိုယ်စီကိုယ်စီ လျှော့တွက်လို့မရနိုင်တဲ့
သူမတူခွန်အားတွေရှိကြတဲ့ အဲ့သည်ခေတ်မှာ
ဘယ်မျိုးနွယ်စုက အင်အားအကြီးဆုံး ဖြစ်မလဲ။

ကျန်တဲ့ မျိုးနွယ်စုတွေအားလုံးက
တစ်ပုံစံတည်း ရှိကြပေမဲ့လည်း
ဝံပုလွေမျိုးနွယ်စုမှာတော့
ခွဲခြားထားတဲ့ မျိုးရိုးသုံးခု ရှိကြပြန်တယ်။

Alpha ရယ် Beta ရယ် Omega ရယ်လို့ ခေါ်တဲ့
မျိုးရိုးသတ်မှတ်ချက်တွေပေါ့။

အင်အားကြီးပြီး လွှမ်းမိုးနိုင်တယ်
သူမတူတဲ့ ခွန်အားတွေပိုင်ဆိုင်ကြတဲ့ Alpha ။

ခွန်အားမကြီး လွှမ်းမိုးနိုင်စွမ်းမရှိဘဲ
သာမန်လူသားနဲ့ မခြားနားလှတဲ့ Beta နဲ့...

တမူထူးကဲစွာ အင်အားနည်းပြီး
သိပ်လှတဲ့ သွင်ပြင်တွေပိုင်ဆိုင်ထားလျက်
နူးညံ့သိမ်မွေ့လွန်းလှတဲ့ Omega ဆိုတဲ့
ဖြစ်တည်မှုသုံးခုနဲ့ ဖွဲ့စည်းထားကြတယ်။

အင်အားကြီးတဲ့လူက
အင်အားနည်းတဲ့လူကို အနိုင်ရစမြဲဆိုတဲ့အတိုင်း
လှပတဲ့ Omega တွေဟာ Alpha တွေရဲ့
ပိုင်ဆိုင်လိုမှုတွေထံမှာ ကယ်ရာမဲ့လာခဲ့တယ်။

Alpha တွေ ခွန်အားကြီးလေလေ
Omega တွေ ခွန်အားနည်းလေလေမို့
ကွာခြားမှုနှစ်ခုကြား မမျှတလာမှုတွေ
အလုံးအရင်းနဲ့ ရင်ဆိုင်လာကြရတယ်။

သည်လို ကမ္ဘာကြီးမှာမှ
သိပ်လှတဲ့ Omega အဖြစ်
မွေးဖွားလာရတဲ့ သူ့အဖြစ်ကို
တစ်ခါလောက် နားထောင်ကြည့်ကြမလား။

"ဘယ်က စောက်ဆင့်မရှိတဲ့ Alpha နဲ့
အတူရှိခဲ့ပြန်ပြီလဲ အဲ့ဒီအနံ့ကို မကြိုက်ဘူးလို့
မင်းကို အတန်တန် သတိပေးထားတယ်နော်
နောက်တစ်ခါ အဲ့ဒီ Alpha နဲ့ အတူရှိရဲရင်ရှိကြည့်
စောက်ရမ်းကြမ်းမှ ငါ့အဆိုးမဆိုနဲ့"

𝐁𝐞 𝐌𝐲 𝐌𝐚𝐭𝐞Onde histórias criam vida. Descubra agora