Episode - 3

1.5K 87 22
                                    


UNICODE

သူ့ကို ကလေးတွေနဲ့ အကျပ်ကိုင်ပြီး
လိုချင်တာကို ပြောလာတော့
နမ်းချင်တယ်တဲ့လေ။

အတည်လုပ်မဲ့ပုံနှင့် သူ့အနားသို့
ခြေလှမ်းကျဲကျဲကြီးတွေနှင့် လျှောက်လာပုံကြောင့်
ဘက်ကီ ထိုသူ့ရင်ဘက်ကို အသာတွန်းလျက်
တားလိုက်ရသည်။

"ဟို..."

မှုန်တည်တည် မျက်နှာပေးနှင့်
စိုက်ကြည့်နေတာကြောင့် ကြောက်လာမိရင်း
သွေးလည်ပတ်မှုတွေပင် ရပ်တန့်သွားသလို။

"ရတယ်လေ ဒီလိုဆိုတော့လည်း
ဒီကလေးတွေကို တစ်ခုခု လုပ်ပစ်ရတာပေါ့"

"ဟင့်အင်း မ..မလုပ်ပါနဲ့.."

အကြောက်အကန် တားရင်းဖြင့်
သူ့အင်္ကျီစကို ခပ်တင်းတင်းလေး ဆွဲထားပုံက
ဆုံးဖြတ်ရခက်နေသည့် Omega လေးရဲ့
အရိပ်အယောင်ကို ထင်ဟပ်စေသည်။

ထူးဆန်းလိုက်တာ
လူတိုင်းရဲ့ စိတ်တွေကို ဖတ်နိုင်ပေမဲ့
ဒီ Omega လေးရဲ့ အတွေးတွေထဲ ဘာရှိနေမလဲ
သူတကယ်ကို မသိရဘူးပဲ..။

"တစ်ခြား တစ်ခုခုနဲ့ ညှိနှိုင်းကြရအောင်ပါ နော်..."

ဖရင်း မျက်နှာလွှဲလိုက်လျက်
စိတ်မရှည်သဖွယ် သက်ပြင်းချလိုက်၏။

Omega လေးကို ပြန်လည် စိုက်ကြည့်ပြီးနောက်
တစ်ဆက်တည်း လူယုတ်မာပြုံး ပြုံးလိုက်သည်။

"ဒါမှ မဟုတ်ရင်
ကိုယ့်အိမ်ကို လိုက်ခဲ့ချင်လား"

ထိတ်ခနဲဖြစ်သွားသည့် သူ့အပိုင်လေးက
ကြောက်တာတောင် ဆွဲဆောင်တုန်းပဲ။

"ဟို..ရ ရပါတယ်
ဒီတိုင်း အ..အနမ်းခံပါ့မယ် ဒါပေမဲ့..."

"..."

"ကလေးတွေရှေ့မှာ
အ..အဆင်မပြေဘူး မဟုတ်လား.."

"ကောင်းပြီလေ Trick လေးတစ်ခု ကြည့်ချင်လား"

"ဘာ Trick အမေ့-"

သူ စကားပင်ပြန်မဆက်ရသေး
ရုတ်တရက် ဆွဲပွေ့ခံလိုက်ရပြီးသည့်နောက်
ထိုလူရော သူရော လေပေါ်ပျံနေတာပဲ သိနိုင်တော့သည်။

ဘုရားရေ ကယ်ကြပါ
ဘာတွေ ဖြစ်ကုန်တာလဲ။

"ဟင် ရှင်..ရှင်က ဘာကြီးလဲ
ကျွန်မ ပြုတ်ကျတော့မယ်
ပြန်ချပေး ကြောက်..ကြောက်တယ်လို့"

You've reached the end of published parts.

⏰ Last updated: Jan 19 ⏰

Add this story to your Library to get notified about new parts!

𝐁𝐞 𝐌𝐲 𝐌𝐚𝐭𝐞Where stories live. Discover now