Chapter 28

8.6K 340 16
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 28

တရားခွင်ထဲ တရားရင်ဆိုင်နှစ်ဖက်အမှုရင်ဆိုင်ရမဲ့လူတွေနဲ့ တရားလိုဘက်ကရှေ့နေရောက်နေပင်မဲ့ရောက်မလာသေးတဲ့ Mine ကြောင့် ဆောင်းဦးလွင်ကဖုန်းခေါ်နေတာမကိုင်တာမို့မျက်နာပျက်နေတာတွေ့ပင်မဲ့ Mine ကအကြောင်းရှိလို့နောက်ကျနေတာသိသလို တရားသူကြီးမရောက်ခင်ရောက်အောင်လာမည်ဆိုတာသူယုံသည်။

"သမီး သားကသူ့အလုပ်ကိုသိပ်လေးစားတာ....သူနောက်ကျနေရင်တောင်အကြောင်းရှိလို့ပဲ အန်တီတို့ခဏစောင့်ပေးရအောင်"

ဆောင်း စိတ်ကအမှုအတွက်စိုးရိပ်နေတာမို့ စီးလာတဲ့ Shoe ကကြိုးကလည်းပြေနေတာကိုတောင်သတိမထားနိုင်။ဒီတစ်ပတ်ကနှစ်ဖက်ရှေ့နေနှစ်ယောက်လုံးကသက်သေတင်ပြရမှာ။သက်သေတင်ပြတာထက် သူရောက်မလာရင် သူမသိက္ခာထက် အနှစ်နှစ်အလလတည်ဆောက်ခဲ့ရတဲ့သူ့သိက္ခာကြောင့်စိုးရိမ်မိလို့ ဖုန်းဆက်နေရတာ။

"တရားသူကြီးတောင်ရောက်တော့မယ် တစ်ဖက်ကရှေ့နေကမရောက်သေးဘူးလား"

သူမတစ်ဖက်က ပြင်သစ်ဘာသာစကားနဲ့ပြောနေတဲ့စကားတွေကိုက နားလည်းနေတာကြောင့် သူကိုမြန်မြန်ရောက်စေချင်သည်။သူစိတ်ကဘယ်သူကိုမှ အရှုံးပေးတက်တဲ့စိတ်မရှိဘူးဆိုတာကြောင့် လာမယ်ဆိုတာသိသော်လည်း ဘာလိုနောက်ကျနေတာလဲဆိုတာသိချင်သေးသည်။တစ်ခြားသူတွေသူ့ကိုဝေဖန်နေတာကိုသူမတကယ်ကို မကြိုက်တာပင်။

"Mine !"

သူမအတွေးတောင်မဆုံးသေး နက်ပြာရောင် suit နဲ့ သူအမှုတွဲတွေထည့်ထားတဲ့အိတ်ကိုဆွဲကာဝင်လာတဲ့ Mine ကြောင့် သူမပြုံးသွားသလို H ကလည်းသူနာမည်ရေရွတ်လိုက်သည်။

Mine တရားခွင်ထဲဝင်လာရင်း ဂျင်းရောင်လက်ရှည်နဲ့ ဂျင်းသားဘောင်းဘီရှည်ကိုတွဲဝတ်ထားတဲ့သူမလေးက သူမျက်လုံးထဲအရင်တွေ့လိုက်ရသလို Shoe ဖိနပ်ကကြိုးကိုလည်းပြေနေတာတွေ့တာကြောင့် လျှောက်လာလိုက်ကာ သူမအနားရောက်တယ်ဆို File အိတ်ကို သူမပေါင်ပေါ်တင်လိုက်ရင်း သူကသူမရှေ့ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး သူမဖိနပ်ကြိုးကို ချည်ပေးလိုက်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now