အပိုင်း(၁)

37 2 0
                                    

ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ် တက်ရတော့မည်ကိုတွေး၍ပင် ကျွန်တော်မပျော်နိုင် ငရဲခန်းသို့သွားရမည့်အလားပင်ကြောက်နေမိသည်...

ကျွန်တော့် ဘဝမှာ ပျော်စရာတွေ
ရှိခဲ့သည်လို့ကိုမထင်ပါ...

ဒါမှမဟုတ် ကျွန်တော် မေ့နေတာများလား..

အခုလဲ ကျောင်းတက်ရတာနောက်ဆုံးနှစ်
ဖြစ်သည်မို့သာ ဝမ်းသာမိပင်မယ့်
ဒီတက္ကသိုလ်ကို ပြောင်းလာရတာတော့
ကျွန်တော့် အတွက်တကယ်ကိုအဆင်မပြေပါ...

အရင်တက္ကသိုလ်က ဝေးသောကြောင့် အိမ်နှင့် နီးနီးနားနားဖြစ်သော ဒီနေရာကို ပါးပါး ကပြောင်းစေလို၍ ပါးပါး အမိန့်အတိုင်းပင်နာခံရသည်

အိမ်မှာ အကို၊ ကျွန်တော်နဲ့ ပါးပါး
သုံးယောက် ရှိပင်မယ့်လို့ အိမ်က
အမြဲတိတ်ဆိတ်နေတတ်သည်...

ခါတိုင်းနှစ်တွေလိုဘဲ ကျောင်းကိုစောစောလာကာ
အခန်းထဲဝင်ပြီး လူတွေနဲ့ထိတွေ့ရတာ
မကြိုက်သောကြောင့် နောက်ဆုံးအတန်းတွင်
ဝင်ထိုင်ရန်ဆုံးဖြတ်လိုက်သည်

ကျွန့်တော့ရှေ့က လူတစ်ယောက်လျောက်လာတာသိပင်မယ့် အလွတ်ကြီးမို့ ကြမ်းပြင်သာကြည့်ကာ ကို့နေရာကို အသွား အရှိန်နဲ့ ပုခုံးကို တိုက်ခြလိုက်သောကြောင့် အနောက်သို့ယိုင်သွားသည်

ဘုတ်!!

"အ့"

ဘာကြောင့် ဝင်တိုက်မှန်းမသိပင်မယ့်
တမင်လုပ်တယ်ဆ်ိုတာတော့ သေချာသည်မို့
လှည့်ကြည့်မိတော့..

ဆံပင်အနက်ရောင်ကိုဂျယ်များဖြင့်သေသပ်စွာထောင်တင်ထားပြီး uniform ကို သပ်ရပ်သန့်ရှင်းစွာဝတ်ဆင်ထားကာ အသားညိုညို အရပ်မြင့်မြင့် လူတစ်ယောက်

ကျွန်တော့အတွက်တော့ ဖြတ်ခနဲကြည့်ရင်
တောင်မှတ်မိနိုင်တဲ့မျက်နထားမျိုးပေါ့

"ဘာပြန်ကြည့်တာလဲ ဟျောင့်
တိုက်ချင်လို့တမင်တိုက်တာကွာ
မကျေနပ်ဘူးလား!!"

စစတွေ့ချင်းပင် ခပ်မာမာ စကားဆိုလာသော
ကျွန်တော့်အကို ဟိန်းမာန်ဆက် ကြောင့် ကျွန်တော် မေးခွန်းတွေဘာတွေ ပြန်ထုတ်မနေတော့ဘဲ
သူ့စိတ်တိုင်းကျသာနေမည်ဟုဆုံးဖြတ်ကာ
ကို့ယ်နေရာကိုသွားဖို့သာအာရုံစိုက်လိုက်တော့သည်

Golden FishWhere stories live. Discover now