အပိုင်း(၃)

10 1 0
                                    

ကိုကို လုပ်ခဲ့တဲ့ နာကျင်မှု ဒါဏ်ကြောင့် နည်းနည်းလေးလှုပ်မိတာနဲ့ အောက်က အရမ်းနာသည်မို့ အားယူကာဖြည်းဖြည်းချင်းထလိုက်သည်

အဲ့လို နိုင့်ထက်စီးနင်း လုပ်တာတွေကို မခံချင်
ပင်မယ့် ကျွန်တော့်ထက် သုံးလလောက်ဘဲ ကြီးသော်လဲ သုံးနှစ်လောက်ကြီးသည် ဟုထင်ရသေကိုကို့ ရဲ့ ထွားကျိုင်းတဲ့ခန္ဓာကိုယ်ကြောင့်သာမာန်လူလောက်တောင် အားမရှိတဲ့ ကျွန်တော့်လို လူတစ်
ယောက်အတွက်တော့ ဘယ်လိုမှ ပြန်မဖြိုနိုင်တဲ့
တံတိုင်းကြီးတစ်ခုလိုပါဘဲ

ကိုကို က ကျွန်တော့ထက် အများကြီးသာပါတယ်
ပျော်ရွင်မှု ၊ မိသားစု အစစအရာရာပေါ့

ကိုကို့မှာ ပါးပါး တစ်ယောက်သာ ရှိတော့
ပါးပါးက ကိုကို့ ကို လိုလေသေးမရှိအောင်
ဂရုစိုက်တယ်

ကိုကိုဖြစ်ချင်တာဆို ပါးပါးက
ဘာမဆိုဖြစ်အောင်လုပ်ပေးတယ်

ကျွန်တော် က ဒီမိသားစု နဲ့ လားလားမှ
မတော်စပ်သော်လည်း ပါးပါးကကျွန်တော့် ကို
ကိုကိုနဲ့တန်းတူထားတယ်

ဒါပင်မယ့် ကိုကိုနဲ့ မတူဘဲ ကျွန်တော်မရတာ
တစ်ခုတော့ရှိတယ်...

အဖေတစ်ယောက်က သားတစ်ယောက်အပေါ်
ထားတဲ့အချစ်တွေပေါ့...

ညနေလဲစောင်းလာပြီမို့ ကျွန်တော်အတွေးမများသင့်တော့ဘဲအိမ်ကိုသာ အမြန်ပြန်ဖို့ဆုံးဖြတ်
လိုက်တယ်

ကိုကို့ကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေကိုဆေးကြောကာ ဖရိုဖရဲဖြစ်နေသောအကျီတို့ကိုလဲ
ပြန်ပြင်ဝတ်လိုက်တယ်

ခြေထောက်က တစ်လှမ်းလျောက်ဖို့ကို အရမ်းအားယူနေရကာ တစ်ချက်တစ်ချက်ဝေဝါး လာတဲ့မျက်လုံးတို့ကို လျစ်လျူရှူပြီးကျောင်းအပြင်ကိုသာခပ်သွက်သွက်ထွက်လာခဲ့လိုက်တော့သည်

နဂိုထဲက အသက်ရှူမဝတာရော အစာအိမ်ရော နဲ့လူကရောဂါစုံနေသည်မို့ အသက်ရူတဲ့ဘူးလေးကိုအမြဲဆောင်ထားရတဲ့အခြေအနေ..

တစ်ခါတစ်လေတော့လဲ
အဲ့လောက်တောင်နုရလားဆိုပြီး
ကို့ဘာသာအပြစ်တင်ချင်မိတယ်...

Golden FishWhere stories live. Discover now