အပိုင်း(၄)

6 1 0
                                    

မနက်ရောက်တော့ ခါတိုင်းနေ့တွေနဲ့မတူဘဲအစောကြီးနိုးနေတော့ ရေမိုးချိုးကာ နံနက်စာစားဖို့
ပြင်လိုက်တယ်

ကျွန်တော် အစောကြီးနှိုးတာကိုတွေ့တော့ ဒေါ်နွဲ့ကအံ့ဩသွားသည့်ပုံပင်

"သားလေး ကော်ဖီနဲ့မုန့်ပြင်ပေးထားတယ်
အဆင်ပြေတယ်မလား"

အမြဲတမ်း နောက်ကျမှထတတ်ပြီး အိမ်ကမနက်စာတစ်ခါမှမစားသည်မို့ မေးခြင်းပင်

"ဟုတ်ပြေပါတယ် ဒါနဲ့ဆန်ပြုတ်လေးလုပ်ပေးလို့ရမလား"

ခန်းက နေမကောင်းတော့ အားရှိတာလေးစားပေးရမယ်အထင် အစောကြီးထပြီး ဒေါနွဲ့ကိုပြင်ခိုင်းမိတယ်

"ကောင်းပါပြီကွယ် ဒေါနွဲ့လုပ်လိုက်ပါမယ်"

ခနကြာတော့ ဒေါ်နွဲ့ဆန်ပြုတ်ကိုစောင့်မနေတော့ဘဲ နည်းနည်းစိတ်ပူလာသည်မို့ အပေါ်ထပ်ကအခန်းထဲပြန်ဝင်လာလိုက်တယ်

အခန်းထဲဝင်ဝင်ချင်း သူ့ပါးနုနုလေးတွေကို
တစ်ဖတ်ဖတ်နဲ့ရိုက်နေသည်မို့နာသွားမှာ
စိုးရိမ်ပြီးအသံပေးမိတယ်

"အဟမ်း အဟမ်း"

အဲ့အခါမှ ကုတင်ပေါ်က ကလေးငယ်သဖွယ်
ချစ်ဖို့ကောင်းသော ဖြူဖြူလုံးလုံးထို
ကောင်လေးက မျက်ခုံးများကိုတွန့်ချိုးသွားကာ သံသရဝင်နေသည့်အကြည့်များဖြင့် ကျွန်တော့အားမော့ကြည့်လာပြီး

"မင်းက ဘယ်သူလဲ ငါကရော
ဘာလို့ဒီကိုရောက်နေရတာလဲ.."

သူ့ရဲ့ အသံကို ပထမဆုံးကြားကြားချင်း အတော်အသဲယားမိတယ် လူနဲ့လိုက်အောင် အသံလေးပါအရမ်းချစ်ဖို့ကောင်းနေတာကြောင့် ကျွန်တော် ပြုံးမိတယ်

"လူ တင်မဟုတ်ဘဲ အသံပါ
ချစ်ဖို့ကောင်းတာဘဲနော်"

စိတ်မထိန်းနိုင်ဘဲ ထုတ်ပြောမိတော့

"ကျွန်တော်မေးတာဘဲဖြေပါ"

ဆိုပြီးကျွန်တော့အားခပ်ချေချေလေး
ပြန်ပြောတယ်

ကြည့်ရတာ သူ့ကိုပြန်ပေးဆွဲလာတယ်များ
ထင်နေလားမသိ ချစ်ဖို့ကောင်းချက်ဗျာ

"ဒီလိုပါ ခန်း ကျွန်တော်နာမည်က ရှိန်းပါ ခန်းအခုရောက်နေတာကကျွန်တော့်ရဲ့ အခန်းပါ"

Golden FishWhere stories live. Discover now