အပိုင်း(၅)

10 1 0
                                    

"အဝတ်တွေချွတ်လိုက်"

ပါးပါးရဲ့ ပါးစပ်က တုံ့စိုင်းမှုမရှိဘဲ
ထွက်လာသော ထိုစကားများ​ကြောင့်
ကျွန်တော်အလွန်အံ့ဩမိတယ်

"ပါမေက္ခ ဒါရုံးခန်းပါ"

ကျွန်တော်ကပါးပါးရဲ့မွေးစားသားဆိုတာ
လူသိမှာ အလွန်ကြောက်သောပါးပါးဟာ
ဘယ်လိုအကြံအစည်မျိုးတွေကြံနေလဲဆိုတာ
ကျွန်တော်မမှန်းတတ်တော့...

"ငါသိတယ် အခုချိန် အကုန်သူတို့အချိန်ဇယားနဲ့သူတို့အလုပ်ရှုပ်နေကြတာ ဘယ်သူမှဒီအခန်းထဲဝင်လာကြမှာမဟုတ်ဘူး"

ကျွန်တော့ကိုစမွေးစားခဲ့ကတည်းထဲက
ပါးပါးရဲ့စည်းကမ်းအရ မလိုအပ်ဘဲ
အိမ်ထဲကအိမ်ပြင်မထွက်ခိုင်းသောကြောင့်အခန်းထဲမှာဘဲ တိတ်တိတ်လေးကြီးပြင်းခဲ့ရတယ်

ကျွန်တော်ဟာ ငယ်ငယ်ထဲက ရွာကဘုန်းကြီးကျောင်းမှာ လက်တိုလက်တောင်းခိုင်းစေတဲ့ ကောင်လေးတစ်ယောက်အဖြစ်ကြီးပြင်းခဲ့ရပြီး ကျွန်တော့်မိဘတွေကိုတစ်ကြိမ်မျှ မမြင်ဖူးခဲ့ပါ...

ဘုန်းဘုန်းပြောတာတော့ ကျွန်တော့ကို အနှီး
ထုပ်လေးနဲ့ဘုန်းကြီးကျောင်းရှေ့မှာလာခြသွားလို့အခုအရွယ်အထိဘုန်းဘုန်းကစောင့်ရှောက်ပေးခဲ့တာတဲ့

ကျွန်တော့်ဘဝက ရွာမှာ
အလွန်ပျော်ဖို့ကောင်းခဲ့တာဗျ...

ကျယ်ပြန့်ပင်မယ့် မြို့ပေါ်ကလို
ကားတွေကြပ်ပိတ်မနေတဲ့
လမ်းဖြူးဖြူးကြီးတွေ...

ညအိပ်ရင် ပန်ကာမလိုဘဲ အေးမြတဲ့
သဘာဝလေတွေ...

အမြဲတမ်း လှပနေတဲ့ ပန်းခင်းကြီးတွေ....

ပိုက်ဆံပေးပြီးဝယ်မွေးစရာမလိုတဲ့
လူတွေကိုသိပ်ခင်တွယ်တတ်တဲ့ခွေးလေးတွေ...

အများကြီးပါဘဲ ပြန်တွေးရင် အဲ့လိုအရာတွေကိုထားခဲ့ပြီး ကျွန်တော်ဘာကြောင့်များ ဒီလိုနေရာမျိုးကိုရွေးခြယ်မိပါလိမ့်...

အကြောင်းပြချက်က တစ်ခုဘဲ ရှိပါလိမ့်မယ်

ပါးပါး!

ဟုတ်တယ် ပါးပါး ဟာကျွန်တော့ကိုဒီအလှတရားတွေထဲက ထွက်ချင်လောက်အောင် ဖိအားပေးနိုင်စွမ်းရှိတယ်

Golden FishKde žijí příběhy. Začni objevovat