89.နှလုံးသားနှစ်ခု

508 77 0
                                    

သုံးရက်မြောက်သောနေ့မှာ  ဖူဝူထျန်း က သူ့ကတိကို ဖြည့်ဆည်းပေးခဲ့ပြီး ပန်းချီငါးပုံ ရေးဆွဲခဲ့ပါတယ်။

သူသည် နယ်စပ်တွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့သော်လည်း ဤအရာများကို လွန်ခဲ့သော ဆယ်နှစ်ကတည်းက စတင်လေ့လာခဲ့သည်။ ထို့အပြင် နယ်စပ်တွင် နေခဲ့ရခြင်းမှာ နှစ်တိုင်း စစ်တိုက်ရမည်ဟု မဆိုလိုပါ။

အခြားလူများကမူ သူသည် ဦးနှောက်မရှိသော လူမိုက်တစ်ယောက်သာဟု ထင်ကြသည်၊ တကယ်တမ်းတွင် မြို့တော်တွင် နှစ်ပေါင်းများစွာနေထိုင်‌ေနသည့် အဆင့်မြင့်အရာရှိများ၏သားများသည် သူလောက် ခေါင်းထဲတွင် မင်များများမရှိကြပေ။
[T/Nသူတို့က သူ့လောက်မယဉ်ကျေးဘူး]

ဖူဝူထျန်း ပန်းချီဆွဲနိုင်သည်ကို သိပြီးနောက် အန်းဇီရန် မှာ စိုးရိမ်စရာမရှိ‌ေတာ့ပေ။
သူ ပန်းချီဆွဲချင်တဲ့ ပုံစံကို တိုက်ရိုက်ပြောပြတယ်။ ပုံစံများသည် ရှုပ်ထွေးပြီး အရည်အချင်းရှိသူများ ရေးဆွဲရန် လိုအပ်ပါသည်။ သူ့အရင်ဘဝတုန်းက ရိုးရှင်းတဲ့ ပုံကြမ်းတွေဆွဲနိုင်ပေမယ့် အခုသူ့လက်ထဲမှာ စုတ်တံတစ်ချောင်းရှိတာနဲ့ ကာရံနဲ့ စည်းချက်အားလုံးကို ဆုံးရှုံးသွားခဲ့တယ်။

သူ၏ဖော်ပြချက်ကို နားထောင်ပြီးနောက်
ဖူဝူထျန်း သည် ချက်ချင်း အလုပ်စခဲ့သည်။ "ဝမ်ဖေး၊ မင်း ထပ်ပြော‌ေပးလို့ရမလား"
လို့ မမေးခင် ခဏလောက် နှုတ်ဆိတ်နေခဲ့တယ်။

အန်းဇီရန် က ဒါကို မျှော်လင့်နေပုံပဲ။ မအံ့သြဘဲ သူက
"ငါ ဇနီးမောင်နှံနှစ်ယောက်နဲ့ သူတို့ရဲ့သားကို ဆွဲချင်တယ်လို့ပြောတာ။ အရွယ်အစားက အရမ်း ကြီးမ‌ေနရဘူး။ အလျား ရှစ်စင်တီမီတာထက် မကျော်ရ၊ အကျယ် လေးစင်တီမီတာထက် မကျော်ရဘူး။"
သူပြောပြီးတဲ့ နောက် တစ်ဖက်က နားမလည်မှာကို ကြောက်ပြီး အသေးအမွှားတွေကိုတောင် ပြောပေးလာတယ်။

"...ဝမ်ဖေး၊ မနေ့က မင်းအိပ်ရာမထနိုင်လို့ ဒီမင်းသားကို လက်တုံ့ပြန်တာလား။"

ဖူဝူထျန်း သည် ထိုကဲ့သို့သော သေးငယ်သော ပုံကို ရေးဆွဲချင်ကြောင်း ကြားသောအခါတွင်၊ သူဒီလိုပဲထင်လိုက်တာ!

The Big Landlord (MM Translation) ||Where stories live. Discover now