131( unicode)

192 37 1
                                    

ခြေသလုံးအိမ်တိုင်များ

၂ရက်အကြာတွင် ထာ့လီ သည် အားလီရှန်း ၏မြို့တော်ဝန်ဖြစ်လာကြောင်းသတင်းပျံ့နှံ့သွားခဲ့သည်။

ရှုဝေ့ယယ် ကွယ်လွန်ပြီးနောက် အားလီရှန်း တွင် ရာထူးကြီးပြီး ရည်မှန်းချက်ကြီးသူအချို့သည် လောဘကြီးသောမျက်လုံးများဖြင့် မြို့တော်ဝန်ရာထူးကို စတင်ခဲ့ကြသည်။ သူတို့သည် ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းဖြင့် ဖုံးကွယ်ထားလိုသူ {အမှန်တရားကို လူအများထံမှ ဖုံးကွယ်သူ}ရှုဝေ့ယယ် ကဲ့သို့ဖြစ်ရန် မကြိုးစားပေ။

နောက်ဆုံးတော့ ရှုဝေ့ယယ် ဟာ သူ့ကိုယ်သူယုံကြည်မှုတွေ ပြည့်နေပြီး တော်ဝင် ဖူ နန်းတော်ကိုလည်း ပေါ့ပေါ့တန်တန် ခံယူထားတာကြောင့် သူဒီလိုပဲ သေဆုံးခဲ့ရသည်။

သူတို့သည် ရာထူးပေးမည့် အာဏာကို သာတောင့်တရုံထက်ဘာမှမပိုပေ။

သို့သော် နောက်ဆုံးတွင် မြို့တော်ဝန်ရာထူးသည် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးလက်သို့ ကျရောက်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ထာ့လီ ရဲ့ နာမည်ကို လူတော်တော်များများ ကြားဖူးကြမည်။သူသည် အမှန်တကယ်ပင် ရှားပါးသော အရည်အချင်းရှိသူဖြစ်သည်၊ သို့သော် လူတိုင်းက သူ့ကို မြို့တော်ဝန်ဖြစ်ရန် သဘောတူသည်ဟု မဆိုလိုပါ။ လူတော်တော်များများက သူ့မှာ ငယ်လွန်းပြီး ဘဝအတွေ့အကြုံ လုံလုံလောက်လောက် မရှိဘူးလို့ ခံစားနေကြတုန်းပါပဲ။

အဲ့ဒီအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေထဲက တစ်ဦးကတော့ ဒု-မြို့တော်ဝန်၊ Ha Si Mu (ဟားစစ်မု) ဖြစ်သည်။

ဟားစစ်မု သည် အသက်ငါးဆယ်ကျော်နေပြီဖြစ်ပြီး ရှုဝေ့ယယ် လက်အောက်တွင် အမြဲအလုပ်လုပ်နေခဲ့ပါသည်။ရှုဝေ့ယယ် သည် သန်မာပြီး နိုးနိုးကြားကြားရှိသူတစ်ဦးဖြစ်သောကြောင့် သူဟာအမြဲတမ်း ဖယ်ထုတ်ခံခဲ့ရသည်။ဒါပေမယ့် မြို့တော်ဝန်ရာထူးအတွက် ရည်မှန်းထားတာကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ မူလက  မြို့တော်ဝန်ရာထူးသည် သူ့အတွက်ဖြစ်မည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် ရာထူးက ထာ့လီ ဆီသို့ရောက်သွားခဲ့သည်။

The Big Landlord (MM Translation) ||Where stories live. Discover now