130.(Zawgyi )

85 4 0
                                    

မြို့တော်ဝန်အသစ်

ရှင်းဟယ် ရှိ တစ်ခုတည်းသော စားသောက်ဆိုင်၏ ဒုတိယထပ်ရှိ ပြတင်းပေါက်ဘေးတွင်အန်းဇီရန် သည် ဖူဝူထျန်း ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။

ရှုဝေ့ယယ် နှင့် ကျိုးရှန် ကို သေဒဏ်ချမှတ်ခဲ့သည်မှာ ၅ ရက်ရှိပြီဖြစ်သည်။သူတို့(ရှုဝေ့ယယ်နဲ့ကျိုးရှန်)မပါတဲ့ ရှင်းဟယ် ၏တိုးတက်မှုသည်ချောမွေ့ခဲ့သည်။

အန်းဇီရန် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ဝါဂွမ်းစိုက်ပျိုးဖို့ သင့်တော်တဲ့ မြေနေရာရဖို့ အတွက်သာ ဖြစ်ပေမယ့် အားလီရှန်း ကို လက်ခံခဲ့ရတဲ့အတွက် စွန့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။

အားလီရှန်း သည် တော်ဝင်ဖူနန်းတော်၏ ပိုင်ဆိုင်မှုဖြစ်သည်။

အဖျက်တွေမရှိရင် အားလီရှန်း ဟာ အနာဂတ်မှာ သူတို့ရဲ့ အခြေစိုက်စခန်းဖြစ်လာမှာပါ။

အန်းယွမ် ခရိုင်ကဲ့သို့ပင်၊ အားလီရှန်း သည်လည်း ကြီးပွားချမ်းသာလာမည်ဟုအန်းဇီရန် က မျှော်လင့်ထားသောကြောင့် ရွာသူရွာသားများ ဝါဂွမ်းစိုက်ပျိုးနေချိန်တွင်ပင် သူတို့အား အခြားအရင်းအမြစ်များ အကျိုးကျေးဇူးများ ဖြစ်ထွန်းစေရန်လည်း ကူညီပေးမည်ဖြစ်ပါသည်။

ရှင်းဟယ် ၏ မြေမျက်နှာသွင်ပြင်သည် ညီညာပြီး အထူးသဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည်။ ဤနေရာတွင် ရှေးကျသော ခြေသလုံးအိမ်တိုင်များ(ရေကြည်ရာမြက်နုရာလှည့်လည်နေထိုင်သည့်သူမျိုးများ) ရှိခဲ့ဖူးသည်ဟု ဆိုကြသော်လည်း ခြေသလုံးအိမ်တိုင်များ နည်းပါးလာသည်အထိ ဖွံ့ဖြိုးလာခဲ့သည်။သို့သော်လည်း ရှင်းဟယ် တွင် ရေအရင်းအမြစ်များနှင့် မြက်ခင်းများ ပေါများပြီး သစ်တောများထူထပ်သည်။သဘာဝသယံဇာတများသည် နောင်မျိုးဆက်များအထိ မပျက်စီးသေးသောကြောင့် တိရိစ်ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလွန်သင့်လျော်ပါသည်။

ဝါဂွမ်းစိုက်ပျိုးခြင်းသည် အစောပိုင်းအဆင့်များတွင် အတော်လေးရိုးရှင်းသော်လည်း နောက်ပိုင်းအဆင့်တွင် အခက်အခဲများကြုံတွေ့ခဲ့ရသောကြောင့် ယခု အန်းဇီရန် ၏ အဓိကအာရုံစိုက်မှုသည် အားလီရှန်း အတွက် တိရစ်ဆာန်မွေးမြူခြင်းတွင်ဖြစ်သည်။

The Big Landlord (MM Translation) ||Where stories live. Discover now