127 .နောက်ဆုံးတော့?

273 56 4
                                    

ကျိုး မိသားစုရှိလူကြီးသူနှစ်ဦးတွင် သားတစ်ဦးနှင့် သမီးတစ်ဦးဖြစ်သော Zhou Shan (ကျိုးရှန်) နှင့် Zhou Ling Long (ကျိုးလင်းလုံ) တို့ ရှိသည်။ကျိုးရှန် နှင့် Z ကျိုးလင်းလုံ ကြား  အသက်အရွယ်ကွာခြားချက်မှာ အလွန်ကြီးမားသည်။ ကျိုးရှန် အသက် 18 နှစ်တွင် လူကြီးနှစ်ဦး၌ ကျိုးလင်းလုံ ရှိခဲ့သည်။ ထို့ကြောင့် ကျိုးမိသားစု အကြီးအကဲနှစ်ဦးဟာ သူ(မ)သည် နားပင်းပြီး ဆွံ့အကြောင်း နောက်ပိုင်းတွင် သိလာသော်လည်း ကျိုးလင်းလုံ ကို ရတနာတစ်ခုအဖြစ် အမြဲမှတ်ယူခဲ့သည်။ဒါပေမယ့် ဒီချို့ယွင်းချက်တွေထဲက တစ်စိတ်တစ်ပိုင်းကတော့ သူ(မ)ဟာ သာမန်လူတစ်ယောက်လိုပါပဲ။

ကျိုးလင်းလုံ သည် ရှုဝေ့ယယ် အားလက်ထပ်ရန်အတင်းအကျပ်ခိုင်းစေခံရချိန်တွင် 12 နှစ်သာရှိသေးသည်။ယခုဆို 6 နှစ်ရှိပြီဖြစ်သည်။သူ(မ)၏ဘ၀သည် ယခုမှစတင်သည်ဖြစ်သော်လည်း သူ(မ)အား သံတိုင်များနောက်ကွယ်တွင် ပိတ်ထားခြင်းခံခဲ့ရသည်။


ဖြစ်ပျက်ခဲ့တာတွေကြောင့် ကျိုး မိသားစုမှ အကြီးအကဲနှစ်ဦးသည် ကျိုးရှန် နှင့် အဆက်အသွယ်ဖြတ်လုနီးပါးဖြစ်သွားပြီး သူ့ကို သားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။ထို့အပြင် လွန်ခဲ့သည့် 6 နှစ်ကတည်းက သူ့ကို ထောက်ခံမှု ရပ်ဆိုင်းခဲ့သည်။


အကြီးအကဲနှစ်ဦးသည် ကျိုးမိသားစုမှ ပြောင်းရွှေ့သွားကာ ရှုစံအိမ်တော် အနီးရှိကျဉ်းမြောင်းသော နေရာတစ်ခုကို တွေ့ရှိခဲ့သည်။ နှစ်ပေါင်းများစွာ သူတို့သည် ရှုစံအိမ်တော် ၏ နံရံထဲတွင် ထိန်းသိမ်းခံထားရသော သူတို့သမီးကိုနေ့တိုင်း မျှော်ကြည့်ခဲ့ကြသည်။



ရှုဝေ့ယယ် သည် ကျိုးလင်းလုံ ကိုမြင်ခွင့်မပြုသောကြောင့် ဤသည်မှာသူတို့တတ်နိုင်သမျှသာ။


လွန်ခဲ့သော 6 နှစ်က လူကြီး နှစ်ယောက်သည် ရှုစံအိမ်တော် သို့ အထပ်ထပ် အခါခါ သွားခဲ့ကြသော်လည်း အခါတိုင်း တံခါးပေါက်မှ လှည့်ထွက်ခဲ့ကြရသည်။သို့ရာတွင် အကြီးအကဲတို့သည် ဘယ်တော့မှ လက်မလျှော့ပေ။မကြာခဏဆိုသလို ရှုစံအိမ်တော်ကိုသွားကြသည်။ ဒါက ရှုစံအိမ်တော် အနီးတစ်ဝိုက်ကို ပြောင်းရွှေ့ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။


The Big Landlord (MM Translation) ||Where stories live. Discover now