Chapter 29

8.3K 382 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 29

ဆောင်း အမှုကိစ္စပြီးသွားတယ်ဆို ဆေးရုံကပြန်လာပြီး တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းပင်မဲ့ သူမဆေးလောကကိုဒီတစ်ခါဖြစ်ရပ်တစ်ခုထဲနဲ့စိတ်ကုန်သွားတာမို့ ငြင်းလိုက်သည်။သူမနှစ်သက်တဲ့အလုပ်တစ်ခုကို စိတ်ကုန်သွားတယ်ဆိုကတည်းက တော်ယုံမဟုတ်ပါ။

"ဟုတ်တယ် အစ်ကို ဆောင်းအလုပ်ပြန်လုပ်ဖို့အဆင့်သင့်တကယ်မဖြစ်သေးလို့ပါ"

သူ့စေရာ ကသူမိတ်ဆွေနဲ့တွေ့စရာရှိတယ်ဆိုကာ အပြင်ထွက်သွားခိုက် အစ်ကိုမင်းဗဟိုရ်ကလည်း ဆေးရုံပြန်မတက်တာနဲ့ပက်သက်ပြီးတွေ့ချင်တယ်ဆိုတာကြောင့် coffee ဆိုင်မှာစကားလာပြောချင်ဖြစ်သည်။

"ဆောင်း ကတော်ပါတယ် အစ်ကိုကဆောင်းလိုဆရာဝန်ကောင်းတစ်ယောက် ဆေးလောကထဲက ထွက်သွားမှာမလိုလားလို့"

"အဖြစ်အပျက်ကတွေကမြန်သွားတော့ ဆောင်းလည်းလန့်သွားလိုပါ....အလုပ်လုပ်တာမလုပ်တာကတော့ သူခွင့်ပြုမှ သာလုပ်ဖြစ်မှာပါ"

ဆောင်း သူမကိုယ်တိုင်လည်းဆေးလောကထဲပြန်ဝင်ီု့အဆင်သင့်မဖြစ်သေးတာမို့ ဒီအတိုင်းငြင်းလိုက်ရင်မကောင်းတာကြောင့် သူ့ကိုသာအကြောင်းအရင်းခံပြောလိုက်တော့ အစ်ကိုမင်းဗဟိုရ်ကခေါင်းငြိမ့်သည်။

"ဆောင်း တို့အဆင်ပြေတယ်မဟုတ်လား....သူကရှေ့နေဆိုတော့ရန်သူကအရမ်းများမှာလေ"

မင်းဗဟိုရ် ဆောင်းကိုစိတ်စမ်းသလိုပြောလိုက်တော့ ဘာမှမသိရှာတဲ့သူမကတော့တော့ သူကရိုးရိုးလေးမေးနေတယ်ထင်ကာ....

"သူကအမှန်တရားမြတ်နိုးတဲ့သူမို့ ဒါမျိူးတွေတော့ရှိနိုင်ပါတယ်.....ဒါပင်မဲ့ အခုအချိန်ထိတော့ ဆောင်းအန္တရာယ်ဖြစ်လောက်တဲ့အထိတော့ အန္တရာယ်ရင်မဆိုင်ရဖူးဘူး"

သူ့ရဲ့အမှန်တရားကိုမြတ်နိုးတဲ့စိတ်ကြောင့် မိသားစုတွေသေကွဲကွဲရတာတွေကရော အမှန်ပဲတဲ့လား။အဲ့ကောင်ရဲ့အမှန်တရားသက်သေတစ်ခုကြောင့် တစ်မိသားစုလုံးဘဝပျက်ခဲ့ရတာ။

"တကယ်တော်တဲ့ရှေ့နေပဲနော်....ကိုယ်လည်းလိုအပ်ရင် ဆောင်းယောကျာ်းကိုအကူအညီတောင်းရမယ်"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now