အပိုင်း 4

618 21 7
                                    

အပိုင်း 4

ရင်သွေးငယ် မ နဲ့ ခင်လာတာကြာလေ မကို ပိုမြတ်နိုးမိလေ ပိုတန်ဖိုးထားမိလေဖြစ်သည်။ မ ပြောပြဖူးသော မရဲ့အချစ်ဦးဆိုသည့် ကောင်လေးအကြောင်းရော ရင်သွေးငယ် သိခွင့်ရခဲ့သည်။ မ ကရိုးသားပွင့်လင်းသည်။ သူ့ဘဝမှာ တွေ့ကြုံရသော ဘဝသင်ခန်းစာတွေကို ရင်သွေးငယ်တို့ကိုပြောပြသည်။ မ ရဲ့အချစ်ဦးဆိုသည့် နိုင်းခန့်မောင်မောင်ဆိုသူကို ရင်သွေးငယ် မဆီမဆိုင် မုန်းနေမိသည်။

.........

တစ်ခုသော နံနက်ခင်းဝယ်.....

"မ....ကျနော်တို့ကို ကုသိုလ်တော်လိုက်ပို့ပါ့လား"

"ဆိုင်ပိတ်ရက်မှာ လိုက်ပို့မယ်လေ သွေးငယ်....ဒါနဲ့ ဒီနေ့ သွေးငယ်နဲ့မိုးဝေကို ဘောင်းဘီချုပ်ခိုင်းမယ်နော်"

မ ပြောလိုက်သည့်စကားကြောင့် သွေးငယ်ရော မိုးဝေရောမျက်နှာ ပျက်သွားသည်။

"မျက်နှာတွေက ဘာဖြစ်ကြတာလဲ"

"ဟင့်အင်း မ... ဘာပြုလို့လဲ မ ရဲ့...ကျနော်တို့က ဘာမှမပြုပါဘူး မ ရ"

"...."

မိုးဝေ ရင်သွေးငယ်ကို မျက်စောင်းထိုးလိုက်သည်။
သူ့သူငယ်ချင်းရင်သွေးငယ်က ချစ်သူတစ်ခါမှမထားဖူးသေး။ အခု မ ဆိုသည့်အမျိုးသမီးကို သူ ရူးရူးမူးမူးချစ်နေပုံက စံတင်ရလောက်သည်။ ကိုယ်ဝါသနာမပါသောအလုပ် လုပ်နေရသော်လည်း ချစ်ရသူဘေးမာရှိနေရင် ပြုံးပျော်နေသော သူ့သူငယ်ချင်းကိုကြည့်ကာ....

"သွေးငယ်....စောနာက မင်းtoiletသွားနေတုန်း အဘွားက ဖုန်းဆက်တယ်...အလုပ်ကရောအဆင်ပြေလား သင်တန်းကရောအဆင်ပြေလားတဲ့....ငါအကုန်အဆင်ပြေတယ်ပြောလိုက်တယ်....အဘွားကပျော်နေတယ်"

"ဟုတ်လား...ကောင်းတာပေါ့"

"ဒါပေမယ့်....အဘွားကပြောတယ်...မင်းဦးလေး နောက်လထဲပြန်လာမယ်ကြားတယ်"

"အော်..."

ရင်သွေးငယ် ဦးလေးဆိုသည့်အသံကိုမကြားချင်ပါ။ ငယ်ငယ်ကတည်းက ဦးလေးနဲ့မတည့်။
တစ်ခုခုဆို လက်ပါတတ်သည့် ဦးလေးဖြစ်သူကို ရင်သွေးငယ်စိတ်ပျက်မိသည်။ပြေပြေလည်လည်ပြောရင်ရသည့်အရာကို ဒေါသနဲ့ဖြေရှင်းတတ်သော ဦးလေးဖြစ်သူအကြောင်းကို တွေးမိရင်တောင် ခေါင်းကိုက်လှသည်။
ဦးလေးနဲ့ သူနဲ့ထိပ်တိုက်မတွေ့ဖို့သာ ဆုတောင်းရတော့မည်။

ကိုယ့်နှလုံးသားရဲ့ ဧည့်သည်(Completed)Where stories live. Discover now