အပိုင်း 11

398 11 6
                                    

အပိုင်း 11

ဘယ်အရာကိုမှ အတင်းလုပ်ယူလို့မရဘူးဆိုတာ မ သိပါသည်။ ရင်သွေးငယ်အကြောင်းသူသာအသိဆုံးမို့ သူ့ဘက်ကသာ အလျော့ပေးရန်ဆုံးဖြတ်လိုက်သည်။

Ring....Ring

"helloမေမေ"

"......."

"ဟင် သမီးအခုလာခဲ့မယ်....ဟုတ်တယ် အဲ့ဆေးရုံက ဆေးရုံကြီးနားမှာ ....သမီးလာမှသွားရအောင်လေ"

မ ဖေဖေကို Drကျော်ဇင်က ultrasound ရိုက်ခိုင်းသဖြင့် မတို့သွားရိုက်ကြည့်ရမည်။ မ အိမ်အမြန်ပြန်ဖို့ပြင်လိုက်သည်။

"သွေးငယ်...မိုးဝေ....မမမိုး ထကြတော့လေ မနက်မိုးလင်းနေပြီ....မ အိမ်ပြန်မို့ ဖေဖေ့ကိုultrasoundရိုက်ပေးရမာ"

"ဟင် မိုးလင်းပြီပဲ...မ ဦးလေးက ဘာဖြစ်တာလဲ"

"ပေါင်ထိပ်က လမ်းလျောက်ရင် ကိုက်ကိုက်နေလို့ ဒေါက်တာကulrrasoundရိုက်ခိုင်းနေတာ...မ အိမ်ပြန်တော့မယ်နော် see u သွေးငယ်လေး"

"ဟုတ် မ....အာဘွားနော် "

"ချစ်တယ်သွေးငယ်...မ သွားပြီနော်"
.....................

ဦးအောင်စောမြင့် သူ့တူမလေးအကြောင်းကို တိတ်တဆိတ်စုံစမ်းနေသည်။ သူ့တူမလေးကို နိုင်ငံခြားကိုခေါ်သွားဖို့အကောင်းဆုံးနည်းလမ်းကိုသူရှာဖွေမည်။ မ ဆိုသည့်အမျိုးသမီးနဲ့လည်း သူ မရရအောင်ခွဲမည်။

"အမေ သွေးငယ်က ဘယ်နေ့အိမ်ကိုပြန်လာမာတဲ့လဲ"

"နောက်တစ်ပတ်Sundayပြန်လာမယ်တဲ့"

"အော် ဟုတ် အမေ"

"သား....သွေးငယ်လေးကိုချစ်ရင် သူနေချင်တဲ့ပုံစံအတိုင်းနေပါစေသားရယ်...သွေးငယ်လေးက ရှေးဟောင်းပစ္စည်းတွေကိုသိပ်ချစ်တာ ...အခုသူအလုပ်လုပ်နေတဲ့ဆိုင်ကလည်း ရှေးဟောင်းဆိုင်လေ"

"အမေ...သူကရှေးဟောင်းပစ္စည်းတွေကိုချစ်တတ်တာလား အဲ့ဒီရှေးဟောင်းပစ္စည်းဆိုင်က ကောင်မလေးကိုချစ်တာလား"

"သား.....မင်းဘယ်လိုသိနေတာလဲ မင်း သွေးငယ်နဲ့ သူ့ရဲ့သက်ဆိုင်သူကို ဘာမှမဟုတ်တာမလုပ်နဲ့နော်...သွေးငယ်တစ်ခုခုဖြစ်တဲ့နေ့အမေသေတဲ့နေ့ပဲ"

ကိုယ့်နှလုံးသားရဲ့ ဧည့်သည်(Completed)Kde žijí příběhy. Začni objevovat