အပိုင်း 6

666 21 3
                                    

အပိုင်း 6

မ တစ်ယောက် ဆိုင်ကယ်လေးပေါ်သို့ တက်လို​က်ကာ ရင်​သွေးငယ်တို့ရှိရာအဆောင်ဆီသို့ ဦးတည်ကာမောင်းရန်ပြင်လိုက်သည်။

"ဟာ....မေ့တော့မှာပဲ....ဟူး"

ဆိုင်ထဲက ကြွေပန်းအိုးအားဝင်ယူလိုက်သည်။သူ့အားစိတ်ဆိုးသွားသော ရင်သွေးငယ်အားချော့ရန်အတွက် ဖြစ်သည်။ ဆိုင်ကယ်ပေါ်ရောက်သည်နှင့် မျက်မှန်လေးအားထုတ်ကာ တပ်လိုက်ပြီး မောင်းရန်ပြင်လိုက်သည်။
.
.
.

တစ်ဖက်တွင်မူ...

"သွေးငယ်....သူငယ်ချင်း တော်တော့လေကွာ"

ကြမ်းပြင်ပေါ်တွင် ဘီယာဗူးခွံအများအပြားက နေရာယူလို့ထားသည်။ထို့အပြင် သီချင်းများလည်းအော်ကာဖွင့်နေသည်။

"မ က....အေ့....ငါ့ကို ...အေ့..ရိုက်တယ်တဲ့....တာဝန်အရ.....ဟား...အေ့...တာဝန်....ဟား..."

"သွေးငယ်....တော်တော့ကွာဟေ့ကောင်...မင်းအရမ်းမူးနေပြီ"

"မ....အေ့....မ ရက်စက်တယ်ကွာ....မ!!!!!"

"ဟေ့ကောင်....ပတ်ဝန်းကျင်အားနာဦး"

ဒေါက်....ဒေါက်.....

"သွေးငယ် ငါ တံခါးသွားဖွင့်လိုက်ဦးမယ်...တိုးတိုးနေ"

"မ!!!...အား"

"ဟင်...မ...ဘယ်လိုရောက်လာတာလဲ"

"မိုးဝေ...မ ကို အခန်းထဲဝင်ခွင့်ပြုပါဦး"

မ အခန်းထဲရောက်ရောက်ချင်း မြင်လိုက်ရသော ပုံစံ​ကြောင့် စိတ်ပူမိသည်။ဒေါသလည်းဖြစ်မိသည်။
သီချင်းသံတို့ကိုလည်းကြားရသည်။

သေရည်အရက်ကို မုန်းခဲ့တဲ့
မင်းကို ငါချစ်ခဲ့🎶🎶
ဒီမှာပိုမူးပေါ့အချစ်လေး🎶🎶
အနီရောင်သွေးပျက်သွား🎶🎶🎶
သေရည်ဖြူထက်မင်းပိုခါး🎶🎶🎶
ရင်မှာ ဒဏ်ရာနာကျည်းလွန်းတော့🎶🎶
နှလုံးသားအိမ်မှာပူတယ်....ဆောင်းနှင်းဖြူဝေ့တဲ့
အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်🎶🎶🎶
ချိုပါတယ် ဒါဟာမင်းထက်သိပ်ချိုတယ်🎶🎶

"ရင်သွေးငယ်!!!....မင်း ဘာဖြစ်နေတာလဲ"

မ ပန်းအိုးအား ချလိုက်ကာ သွေးငယ်အနားတွင်ထိုင်လိုက်သည်။

ကိုယ့်နှလုံးသားရဲ့ ဧည့်သည်(Completed)Where stories live. Discover now