အပိုင်း 15

433 12 3
                                    

အပိုင်း 15

မ က သွေးငယ်ရဲ့ လက်လေးကိုလှမ်းလို့ကိုင်လိုက်သည်။

"မ ....ကျနော်က မ ရဲ့ဘာလဲ"

"သွေးငယ်....မ ရဲ့သွေးငယ်လေးကိုစိတ်မရှုပ်စေချင်လို့ပါ....ပြီးတော့ သွေးငယ်လေး စိတ်မကောင်းဖြစ်မှာ"

"မ!...ဆက်မပြောနဲ့တော့ ကျနော်က ဘာကိစ္စစိတ်ရှုပ်ရမှာလဲဗျာ...မ အတွက်ဆို သေဆိုသေ ရှင်ဆိုရှင်မယ့်ကောင်ဗျ...မ ရဲ့စိတ်ညစ်စရာတွေကို ကျနော့်ကိုပြောပြပါဗျာ ကျနော်အတတ်နိုင်ဆုံးဖြေရှင်းပေးလို့ရတာပေါ့"

"......"

"မ....ကျနော်က မရဲ့ ချစ်ရသူနော်...တစ်ခုခုဆို ကျနော့်ကိုပြောပြပါမရာ ကျနော်က မ ရဲ့စိတ်လုံခြုံရာရပ်ဝန်းမဖြစ်နိုင်ဘူးလား..."

"သွေးငယ်....စိတ်မဆိုးပါနဲ့သွေးငယ်ရယ်"

သွေးငယ် မ မျက်ဝန်းများမျက်ရည်တို့ဝဲနေသည်ကိုသိသဖြင့်...

"မ....ကျနော် မရဲ့ဘေးမာရှိနေမယ်.... မ ဘယ်လိုလုပ်ချင်လဲပြော...ဦးလေးကိုနိုင်ငံခြားမှာဆေးသွားကုကြမလား"

"ဖေဖေက နိုင်ငံခြားမှာဆေးသွားကုဖို့ကိစ္စပြောလို့မရဘူး"

"ခွဲစိတ်ပြီး အသားစအဖြေထွက်လာမှ ကျနော်တို့ကြည့်စီစဥ်ကြတာပေါ့....မ ကျနော်ရှိတယ်နော် ကျနော်မရဲ့ဘေးမာရှိနေမာ"

"ကျေးဇူးပါ သွေးငယ်လေး"

.........................

"မမမိုး.....မမမိုး စိတ်မပြောင်းတော့ဘူးလားဗျာ...ကျနော့်ကို တကယ်ပဲ မစဥ်းစားပေးတော့ဘူးလား"

"မိုးဝေ...အရက်တွေသောက်လာပြန်ပြီမလား...မင်းမူးလာရင် ဖုန်းခေါ်ပြီး ဒီလိုစကားတွေပြောပြီ"

မိုးဝေ အော်ငိုနေမိသည်။

"အီးဟီး....မမမိုး ကျနော်က မမူးပါဘူးဗျာ"

"မင်းမူးနေတယ်ဆိုတာ ကိုယ်သိတယ် မိုးဝေ....မင်းကိုပြောထားပြီးသား ကိုယ်မင်းအချစ်ကိုလက်မခံနိုင်ဘူးလို့"

"မမမိုး..အီးဟီး အရင်လူမကောင်းခဲ့တာနဲ့ပဲ နောက်လူတွေအတွက် အခွင့်အရေးမပေးတော့ဘူးလားဗျာ...ကျနော်မမမိုးကိုတကယ်ချစ်တာပါဗျာ...မမမိုးသာလက်ခံရင် အမေ့နှင်းဆီခြံထဲက နှင်းဆီပန်းတွေ မမမိုးအတွက် နေ့တိုင်းခူးပေးမာ အီးဟီး"

ကိုယ့်နှလုံးသားရဲ့ ဧည့်သည်(Completed)Where stories live. Discover now