Chapter 30

9.8K 410 12
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 30

Mine နေ့ခင်းကတည်းစိတ်ဆိုးနေတဲ့ ပူတူးကိုအခုအိပ်ခါနီးတောင် ချော့မရဖြစ်နေတာကြောင့် စိတ်ကဘယ်လိုမှအဆင်မပြေ။သူမကတော့ သူကိုမချစ်လို့နေနိုင်ပင်မဲ့ သူကတော့ ချစ်တဲ့သူဆိုတော့ တစ်ဖက်ကိုလှည့်ကာဖုန်းနဲ့ဇာတ်ကားကြည့်နေတဲ့သူမကို ဘယ်လိုချော့ရမလဲသာ ကုတင်တစ်ဖက်ခြမ်းမှာထိုင်ကာတွေးနေမိသည်။

"ပူတူး"

သူခေါ်တော့လည်းအရေးမလုပ်တာကြောင့် စိတ်ထဲနေရတာ ဘယ်လိုမှနေမကောင်း။သူမကသူသာအရေးမလုပ်တာ ဖုန်းထဲက Vedio ကြည့်ပြီး ဘာတွေသဘောကျနေလည်းမသိ ရီနေတာတခစ်ခစ်။Mine သူမကိုထက်ချော့ဖို့ပြင်နေခိုက် ဘေးကခုံပေါ်တင်ထားတဲ့သူဖုန်းကနေဖုန်းလာတာကြောင့် ကိုင်လိုက်ကာ....

"Hello"

Mine တစ်ဖက်ကဖုန်းဆက်ပြီးပြောနေတာကိုနားထောင်ရင်းမျက်နာကတစ်ဖြည်းဖြည်းတည်တင်းလာရသည်။တစ်ဖက်က စကားပြောနေတာ တစ်ခြားသူတော့မဟုတ် သူဦးလေးအရင်းခေါက်ခေါက်ပင်။သူကိုအကျပ်ကိုင်ပြီးသူလုပ်နေတဲ့အလုပ်ကိုဝင်မလုပ်ဖို့ပြောနေသည်။ပြီးတော့ဆက်ပြောလိုက်တဲ့စကားကသူ့အတွက် ခံပြင်းဒေါသပါထွက်သွားရကာ ပြန်ပြောမလို့ရှိသေးဖုန်းချသွားတာကြောင့် အခုသူဒေ့သဖြေဖို့တွက်သူ့လက်ထဲကဖုန်းက တရားခံမို့ ရိုက်ခွဲလိုက်သည်။

"ကဲကွာ !!"

ခွမ်း

ဆောင်း သူ့ကိုစိတ်ဆိုးပြီးဇာတ်ကားကြည့်နေရာမှ ဒေါသတကြီးပြောသံနဲ့အတူ တစ်ခုခုကိုရိုက်ခွဲလိုက်တဲ့အသံကြောင့် သူမလန့်သွားရခြင်း နဲ့အတူ သူမစိတ်ဆိုးတာကိူမချော့တဲ့အပြင် လာပြီး သူဘယ်လောက်မိုက်ကြောင်းပြနေတာမို့ သူမကိုယ်ပေါ်ကစောင်ကိုဖယ်ကာ ကုတင်ပေါ်ကဆင်းရင်း သူဆီလျှောက်သွားလိုက်သည်။သူနားရောက်တော့ ရိုက်ခွဲခံထားရတဲ့သူ့ဖုန်းကိုကြည့်ပြီး.....

"ရှင်ဘာဖြစ်နေတာလဲ....ကျွန်မကိုမကျေနပ်လို့လား !"

"မဟုတ်ပါဘူး"

ပြောပြီး သူမကိုတောင်လှည့်မကြည့်ပဲ သူရင်ဘက်ကြီးကနိမ့်လိုက်မြင့်လိုက်ကို ဒေါသဘယ်လောက်နေမှန်းမသိပင်မဲ့ သူမစိတ်ကောက်တာလောက်လေးနဲ့ ဒီလောက်ဖြစ်တာကြီးက သူလွန်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now