22

37.4K 2.4K 43
                                    

ပြည့်စုံမျက်လုံးများဖွင့်လာတော့မြွေသေးသေးလေးတွေကသူ့ခန္ဓာကိုယ်ပေါ်ကူးသန်းသွားလာနေကြသည်။တစ်ကောင်လည်းမဟုတ်နှစ်ကောင်လည်းမဟုတ်​ပဲအကောင်ပေါင်းရာနှင့်ချီရှိနေသည်။သူနည်းနည်းလေးမှမလှုပ်ရဲပဲအသက်ပင်မရူပဲအောင့်ထားမိသည်။

သူ့ကိုယ်သူယောက်ျာပဲဘာမှမကြောက်ပါဘူးဟုနှစ်သိမ့်နေပါသော်အလုပ်မဖြစ်ပေ။မြွေတွေကသူ့မျက်နှာတွေထိပါဖြတ်သန်းသွားလာနေကြပြီးတစ်ချို့ကသူ့ရဲ့အင်္ကျီထဲထိပါတိုးဝင်သွားလာနေကြသည်။

ပြည့်စုံမျက်ဝန်းကမျက်ရည်များပြည့်လာပြီးတစ်ကိုယ်လုံးလဲစတင်တုန်ရီလာတော့သည်။

"ဟင့်မေမေ..ဖွား..သားကိုကယ်ကြပါအုန်းသားမဆိုးတော့ပါဘူးလိမ်မာပါတော့မယ်သားနွားကျောင်းရင်းအိပ်မပျော်သွားတော့ပါဘူးငနီကိုလဲထပ်မပျောက်စေရတော့ပါဘူးဉီးတုတ်ကြီးတူမပန်းနီနီလေးကိုလည်းသားထပ်မကြိုက်တော့ပါဘူးဝူး..ဝူး"

"ကြင်ယာတော်လေးဘာလိုငိုနေတာလဲဘယ်သူဘာလုပ်တာလဲပြောကိုယ်သူ့ကိုခုချက်ချင်းခေါင်းသွားဖြတ်ပြစ်မယ်"

"မြွေ!"

"ဟမ်!"

"မြွေတွေဖယ်ပေးလို့"

"ဟုတ်ပြီဟုတ်ပြီမငိုနဲ့တော့ကိုယ်အခုဖယ်ပေးလိုက်ပြီကြည့်လိုက်"

"အီး..ဟီးငါ့ကိုပြန်ပို့ပေးတော့ငါမဆိုးတော့ဘူးငါ့မိဘတွေအပေါ်လိမ်မာတော့မယ်"

နက္ခမဟာမျက်နှာကချက်ချင်းကိုစိမ်းပုတ်သွားတော့သည်။

"ဒါလေအရင်စားလိုက်နော်"

"မစားဘူးငါ့ကိုချက်ချင်းပြန်ပို့ပေး"

"မပို့ပေးဘူးစား!"

"မစားဘူး!"

ရွှေလင်ဗန်းထဲတစ်မြတ်တနိုးထည့်ယူလာတဲ့စားစရာတွေဟာကြမ်းပြင်ပေါ်အကုန်ပြန့်ကျဲသွားတော့သည်။

"မင်းကိုငါ့ကြင်ယာတော်မို့အလျှော့ပေးထားတာနော်ရောင့်တက်မလာနဲ့"

သူကအချစ်စာအုပ်ထဲမှာပါတဲ့ကြင်ယာတော်များရဲ့အချစ်ခံရသည့်လူများပုံစံဖြင့်ခပ်ကြမ်းကြမ်းပြောဆိုလိုက်သော်လည်းသူ့ကြင်ယာတော်လေးဆဲတာကိုသာခံလိုက်ရသည်။

မြွေ(Complete -U+Z)Where stories live. Discover now