EXTRA

33.9K 2.2K 127
                                    

အဝတ်လဲခန်းတွင်တစ်ယောက်ကိုတစ်ယောက်မျက်စောင်းထိုးကာကြည့်နေကြသောငယ်သူငယ်ချင်းနှစ်ယောက်။

"မင့်အသက်ကဘယ်လောက်မို့လက်ထပ်ဖို့လုပ်ရတာလဲရှေ့လဆိုရင်ပဲအောင်စာရင်းထွက်တော့မယ်မင်းဘွဲ့ရပြီးအောင်တောင်မစောင့်နိုင်တော့ဘူးလားပြီးတော့..မင်းတို့ဘယ်တုန်းကဘယ်လိုချစ်သူ​တွေဖစ်နေတာလဲကွ!"

ကျော်ကြီးကမျက်နာနီနီလေးကိုအောက်ချပြီးပွစိပွစိရေရွတ်လာသည်။

"အဲ့တာမင့်ကြောင့်လေ!"

"ဘာဆိုင်လို့ငါကြောင့်ဖြစ်ရမှာလဲ!"

"ဟိုကောင်မလေးပန်းနီနီလေးမင့်ကိုဆက်သွယ်မရလို့ငါ့ဆီလာပြီးအမြဲတဂျီဂျီလုပ်နေတာကြာတော့ကိုကိုကစိတ်ဆိုးပြီးငါနဲ့သမုတ်လာတာပေါ့ငါကစိတ်ဆိုးနေချိန်မို့ပန်းနီနီနဲ့ကြိုက်နေတယ်လို့ပြောလိုက်တာငါ့ကိုတစ်ခါတည်းခိုးပြေးသွားတော့တာပဲ..မေမေနဲ့ကိုကို့ဖေဖေကသဘောမတူတော့ငါတို့Hdတွေကိုဖြန့်ပြစ်မယ်ဘာညာခြိမ်းခြောက်တော့တာပဲအဲ့လိုနဲ့လက်ထပ်ဖြစ်သွားတာပဲ"

"ဘယ်တုန်းကတည်းနဲ့တွဲနေကျတာလဲ!"

"ကိုကိုကငါငယ်ငယ်ကတည်းကသဘောကျခဲ့တာတဲ့ငါကိုတော့၈တန်းနှစ်မှာဖွင့်ပြောခဲ့တာငါတို့၉တန်းနှစ်မှာတရားဝင်ချစ်သူစဖြစ်တာပဲ"

"ငါကမင့်အတွက်နည်းနည်းလေးတောင်အရေးမပါဘူးလား!"

ကျော်ကြီးကလက်သီးတင်းတင်းဆုပ်ထားတဲ့ပြည့်စုံရဲ့လက်မောင်းကိုမှီလိုက်ပြီးကြောင်ပေါက်လေးလိုအသံနှင့်စတင်ချွဲတော့သည်။

"​ငါကိုကိုနဲ့ချစ်သူဖြစ်တော့မင့်ကိုပထမဆုံးပြောပြချင်ခဲ့တာပြီးတော့အမြဲတမ်းလည်းပြောပြချင်ခဲ့တာဒါပေမယ့်လေငါမင်းစိတ်ဆိုးသွားမှာအရမ်းကြောက်နေခဲ့တာ"

"ဟူး...ငါမင်းကိုတကယ်စိတ်ဆိုးတယ်ငါနဲ့မင်းကအဲ့ကောင်ထက်တောင်အရင်သိခဲ့ကြတာကိုသစ္စာဖောက်ခံလိုက်ရသလိုခံစားချက်ကြီးကမကောင်းဘူးကွာ"

"ပြည့်စုံကလည်းငါ့ကိုခွင့်လွှတ်ပေးလေနော်..နော်မင်းစိတ်ဆိုးရင်ငါမနေတတ်တာသိသားနဲ့"

မြွေ(Complete -U+Z)Where stories live. Discover now