EXTRA

34K 2K 65
                                    

တိုင်းသူပြည်သားတွေကတော်ဝင်မျိုးနွယ်ရဲ့မျိုးဆက်အတွက်စိတ်ပူမိကျပေမယ့်အရှင့်သားကိုယ်လုပ်တော်ထားမှာကိုတော့သဘောမတူကြပါ။သူတို့မြွေမျိုးနွယ်တွေကခေတ်နှင့်အညီပွင့်လင်းတိုးတက်လာပြီးsexအကြောင်းပွင့်လင်းလာကြပေမယ့်တစ်ဉီးတစ်ယောက်ကိုသာစွဲမြဲစွာချစ်တတ်သည့်အစွဲကလည်းအနည်းနဲ့အများရှိနေကြသေးသည်။အထူးသဖြင့်တော်ဝင်မျိုးနွယ်တွေကမျိုးရိုးလိုက်သည်ပဲဆိုရမလားခေတ်အဆက်ဆက်,တစ်စုံတစ်ယောက်ကိုသာစွဲမြဲစွာချစ်လေ့ရှိသည်။

အမတ်ကြီးတွေကအာဏာရချင်စောနဲ့ပြည်သူတွေကိုအသုံးချခဲ့ပေမယ့်အခုတော့ဘာသံမှထွက်မလာတော့။သူတို့သမီးတွေကိုမယားငယ်လုပ်ခိုင်းချင်တဲ့အကြံကတကယ်ကိုဆိုးဝါးတာပဲ။

အမတ်တွေကြားထဲအာဏာအကြီးဆုံးဖြစ်တဲ့ရာဇသံအမတ်ကြီးကကြင်ယာတော်ကိုတရားခုံရုံးသို့ပို့ကာတရားမျှတမှုတောင်းဆိုဖို့လုပ်ပေမယ့်ဘက်လိုက်တတ်တဲ့အရှင့်သားဟာအမတ်အိုကြီးရဲ့အရိုးတွေကကြင်ယာတော်ရဲ့လက်ဖဝါးနုနုများကိုသွေးချည်ဥစေလို့ဆိုပြီးရာထူးဖြုတ်ချကာတစ်မိသားစုလုံးကိုနယ်နင်ဒဏ်ပေးလိုက်သည်။

နောက်ထပ်အမတ်တွေကတော့အမဆို,ယင်မအကြောင်းတောင်ယောင်လို့မပြောကြတော့။

မျိုးဆက်အတွက်ကရော...အိုး..,ဥလိုက်လို့ရတာပဲကို။

ပြည့်စုံမျက်လုံးလေးပေကလပ်,ပေကလပ်လုပ်ကာအထိန်းတော်ကြီးကိုကြည့်လိုက်သည်။

"အထိန်းတော်ကြီးကျွန်တော့်ကိုဘာပြောလိုက်တာ"

"ဒါ..ဒါကကြင်ယာတော်လေးမျိုးဆက်ယူပေးနိုင်တဲ့နည်းလမ်းပါလူတွေနည်းလမ်းအတိုင်းသုတ်ပိုးနဲ့ယူလို့ရပေမယ့်အဖေတစ်ယောက်စီဖြစ်နေပါလိမ့်မယ်ကြင်ယာတော်လေးရဲ့ရတနာလေးကလူသားဖြစ်နေပြီးအရှင့်သားရဲ့ရတနာလေးကမြွေဖစ်နေပါလိမ့်မယ်အဲ့ဒီအခါရတနာလေးတွေရဲ့စိတ်ဝမ်းကွဲမှုတွေစတင်လာပါလိမ့်မယ်"

"အထိန်းတော်ကြီးတကယ်အတင့်ရဲနေတာပဲ"

တော်ဝင်အခန်းတံခါးကဒုန်းကနဲတွန်းဖွင့်ခံလိုက်ရပြီးဒေါသတကြီးဖြစ်နေတဲ့အရှင့်သားကိုတွေ့လိုက်ရသည်။

မြွေ(Complete -U+Z)Where stories live. Discover now