12.1

2.2K 108 2
                                    


12.1

ယွင်ရှန့်နှင့် အော့စ်ဘွန်းက နှစ် ၂၀၀ ကျော် ကြယ်အစုအဝေးတွေကြား ခရီးထွက်ခဲ့ကြသည်။

တစ်ရက်မှာ သူတို့က အာကာသ ခရီးစဉ်အတွင်း 'တွင်းနက်ကြီး' နှင့် ကြုံတွေ့ခဲ့ပြီး သူ နိုးလာသည့်အခါ 'ရှင်းဟိုင် နေရာလွတ် ' ထဲ ပြန်ရောက်နေလေပြီ။

ပြင်းထန်လွန်းလှသည့် စွမ်းအားတွေက သူ့၏ ရွှေရောင် ဝိညာဉ်အထဲ ပြည့်လုနီးပါး စီးဆင်းလာသည်။ သူသာ စွမ်းအားအများများ ထပ်ရရှိခဲ့မည်ဆိုလျှင် Lord God ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝလွတ်မြောက်နိုင်ပြီး သူ့ခန္ဓာကိုယ်ကို ပြန်လည် ပြောင်းလဲ ပုံသွင်းနိုင်လိမ့်မည်။

ဒီလိုဆိုရင် သူက ဒီပုံရိပ်ယောင် နေရာကနေ ထွက်သွားနိုင်ပြီး တကယ့် ကမ္ဘာအစစ်ဆီ ပြန်နိုင်လိမ့်မယ်။ ဒါပေမဲ့ သူ့ချစ်သူကရော ...

ထိုအချိန်မှာ ယွင်ရှန့် ခံစားမိတာက ပျော်ရွှင်မှု မဟုတ်ဘဲ တွေဝေမှုသာ ဖြစ်၏။ သူက ဟာတာတာနဲ့ အချိန်အတော်ကြာ တွေးနေခဲ့သည်။ ထို့နောက် သူက သက်ပြင်းချလိုက်ပြီးတော့ နေရာကနေ ကွယ်ပျောက်သွားလေသည်။

အတူတူသွားရင်သွား မဟုတ်ရင် အတူတူနေမယ် ပျောက်ကွယ်သွားမယ်ဆိုဦးတော့ ရှိပါစေတော့......

သူ့ခန္ဓာမှာ ပြင်းထန်လွန်းလှသည့် နာကျင်မှုတွေ စုဝေးနေလေ၏။ အထူးသဖြင့် ဝမ်းဗိုက်အောက်ပိုင်းမှ ဖြစ်သည်။ ယွင်ရှန့်က ငုံ့ကြည့်လိုက်သည့်အခါ ပိန်ပါးသွယ်လျှ ချောမွေ့နေသော အသားအရည် ရှိထားသည့် လက်တဖက်က သူ့ဗိုက်ထဲ ထိုးစိုက်ဝင်နေသည်ကို မြင်လိုက်ရသည်။ လက်ချောင်းများ၏ ပုံသဏ္ဌာန်က သားရဲလက်သည်းလို ဖြစ်ပြီး သူ့စွမ်းအင်ဗဟိုချက်ကို အသားပြားအဖြစ် ခြေမွှထားလေသည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ လူသတ်ချင်စိတ်အပြည့်ရှိနေသော ဇာမဏီ မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

သူ့ကို သတ်လိုက်သည့်လူက လှပပြီး ရိုးသားပုံပေါ်သည့် မိန်းကလေးငယ် တစ်ဦးဖြစ်နေခဲ့သည်။ သူမက လက်ကို သေသေသပ်သပ် ဆွဲထုတ်လိုက်ပြီး အကျီလက်ကို ခါကာ သူ့ကို ချောက်ကမ်းပါးထဲ တွန်းချလိုက်သည်။ ထို့နောက် သူမ ခန္ဓာက သွေးတွေ ပေနေတာကို ဖယ်ရှားဖို့ အညစ်ကြေးဖယ် အဆောင်ကို သုံးလိုက်ပြီး ပေါ့ပါးသွက်လက်စွာ လမ်းလျှောက်ထွက်သွားလေ၏။

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Where stories live. Discover now