၁၂.၈

836 68 4
                                    

12.8

ယွင်ရှန့်က သူ့ကျင့်ကြံဆင့်ကို အခြေတည်အဆင့်အထိ နှိမ့်ပြီး ဖန်ဝမ်ကွမ်း၏ အရိုးစုကို ရှာဖို့ရာ ဆေးပင်တစ်ရာ လျို့ဝှက်နယ်မြေဆီ ဝင်ရောက်လိုက်သည်။

သူ့မှာ မိုယူ၏ မှတ်ဉာဏ်ရှိနေတာကြောင့် မတော်တဆ ဖြစ်ခဲ့သည့်နေရာအထိ လျှင်မြန်စွာ သွားနိုင်ခဲ့ပြီး ခြုံထဲမှာ ကတိသစ္စာဂိုဏ်းဝတ်ရုံ ဝတ်ထားသည့် အရိုးစုကို ရှာတွေ့သွားသည်။ ဝတ်ရုံ၏ ထောင့်မှာ 'ကွမ်း' ဟု ထိုးထားလေသည်။

ယွင်ရှန့်က ကျောက်စိမ်းခေါင်းတလားထဲ အရိုးတွေကို လျှင်မြန်စွာ သိမ်းဆည်းခဲ့ပြီး ယင်နှင့်ယင်ဓာတ် မျှတအောင် စီမံထားလိုက်သည်။

ထို့နောက် သူ တွေ့သမျှ ဝိညာဉ်စားဂိုဏ်းကသူမှန်သမျှ သုတ်သင်ပစ်ခဲ့၏။ သူက ဆေးပင်တစ်ရာ လျှိ့ဝှက်နယ်မြေထဲ သွားလာရင်း ၂၀၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက် မတော်တဆ မသေမျိုးလှိုဏ်ဂူကို တွေ့ရှိကာ လျို့ဝှက်နယ်မြေ ပိတ်သည့်အထိ စောင့်ဆိုင်းနေလိုက်သည်။

တစ်လကြာသည့်နောက်မှာ သူက ဂူထဲကနေ ထွက်လာပြီး မြူ အဖြစ် ပြောင်းလိုက်ကာ ကတိသစ္စာဂိုဏ်းဆီ ပျံ့သန်းလာလိုက်သည်။

သူက တခါတလေ ဓားကျင့်ကြံသူ၏ ဝိညာဉ်ဓားမှာ ကပ်တွယ်လာပြီး တခါတလေ ဝတ်ရုံမှာ ကပ်တွယ်ပြီး လိုက်ပါလာခဲ့သည်။

ထိုနည်းလမ်းနှင့် သူက ဝိညာဉ်စွမ်းအား ဖြုန်းစရာမလိုဘဲ စိတ်ဝင်စားဖွယ်ကောင်းသည့် လျို့ဝှက်ချက်တွေ သိရှိခဲ့ရ၏။ ကျင့်ကြံသူတွေထဲ ဘယ်သူမှ သူ၏ တည်ရှိမှုကိုသတိမပြုမိကြပေ။

ထိုရက်တွေမှာ သူ တွယ်ကပ်ထားနေခဲ့သည့် ကျင့်ကြံသူအုပ်စုက ရုတ်တရက် သူတို့၏ ဦးတည်ရာကို အနောက်ဘက် ပြောင်းလိုက်ပြီး ပိတ်ခါနီးပြီးဖြစ်သည့် လျို့ဝှက်နယ်မြေအကြောင်း အချင်းချင်း ပြောဆိုနေကြသည်။

ကံကောင်းသည့် ကျင့်ကြံသူတချို့က အစီအရင် ထွက်ပေါ်လာမဲ့ နေရာကို ရှာတွေ့သွားကြသည်။ သူတို့က ထွက်ပေါက်ကနေ စောင့်နေဖို့ ကြံစည်ထားကြသည်။ ထိုအခါမှ တချို့အဖွဲ့တွေဆီကနေ တိုက်ခိုက်လုယူနိုင်ပြီး ရတနာတစ်ခု၊ နှစ်ခု ရယူနိုင်မှာ ဖြစ်သည်။

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Where stories live. Discover now