၁၂.၉

619 45 1
                                    


12.9

ယွင်ရှန့်က အခြားအဓိကအင်အားစုဂိုဏ်းတွေဆီမှ အလိုက်ခံခဲ့ရသည်။ ဒါပေမဲ့ သူ့ဂိုဏ်းက သူ့ကိုကယ်ဖို့ရာ မလာခဲ့ကြဘဲ အခုမှ သူလွတ်မြောက်လာခါစ ရှိသေးသည့်အချိန်မှ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲတွေက အရှေ့ဂိတ်ကနေ ပိတ်ဆို့ထားပြီး သူက 'နတ်ဆိုးနှလုံးသား သန့်စင်ခြင်း' နည်းလမ်းကို ကျင့်ကြံနေသည်ဟု လာပြောနေကြသည်။ ဤသို့သာ သူတို့ ပြောဆိုပေမဲ့ အမှန်တကယ် ရည်ရွယ်ချက်က သူ့ဆီမှာ ရှိသည့် ခွန်းလွန်ကြေးမုံသာ ဖြစ်၏။

ယွင်ရှန့်က ကတိသစ္စာဂိုဏ်းအပေါ် ဘာစိတ်ခံစားချက်မှ မရှိပေ။ အခု သူတို့က သူ့ကို လာဆွနေသည်။ သူ့လက်တုံ့ပြန်မှုက အလွန်ရက်စက်နိုင်သည်။ လွန်ခဲ့သည့်နှစ်တွေတုန်းက အတွေ့ကြုံအတွက် မဟာမြူခိုးနယ်မြေဆီ သွားရောက်ခဲ့စဉ်က အဆိပ်ရနံ့ဆိုး ကုန်းမြေ၏ အဆိပ်ငွေ့တွေကို ဘာမှမကျန်တော့သည့်အထိ သူ့စွမ်းအင်ဗဟိုချက်ထဲ စုပ်ယူထားခဲ့သည်။ နတ်ဆိုးကျင့်ကြံသူလို့ အထင်မှားမှာ စိုးရိမ်လို့ တစ်ခါမှ ထုတ်မသုံးခဲ့ပေ။

သို့သော် ယခုချိန် ဒါကို စိုးရိမ်စရာ မလိုတော့ပေ။

သူတို့က နတ်ဆိုးကျင့်ကြံသူလို့ ကောက်ချက်ချပြီးမှတော့ သူ့ဘက်ကနေ ရိုးရိုးလေး အပြစ်ကျူးလွန်ကြည့်တာပေါ့ အရင်က ထုတ်မသုံးရသေးသည့် နည်းလမ်းတွေ အကုန်လုံး အခုဖော်ထုတ်သုံးကြည့်မယ်။

သူက ဝေ့ကြည့်လိုက်သည့်အခါ သူ့ကိုဝိုင်းရံထားသည့် ဂိုဏ်း၏ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူတွေကိုမြင်လိုက်ရပြီး တချို့သော ကနဦး ဝိညာဉ် အဆင့် တပည့်တွေက နောက်မှာရပ်နေကြပြီး စုန့်ယွီဖေးလည်း ရှိနေသည်။

ထူထပ်သည့်မြူ တွေဝန်းရံခံထားရတာတောင် ဒီလူတွေက စိတ်အားထက်သန်ပြီးစိတ်ရှည်စွာ ဖြောင့်ဖြနေကြသည်။

"ဂျူနီယာညီလေး ခွန်းလွန်ကြေးမုံကို ဂိုဏ်းဆီ အပ်ပြီး ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်ပါ။ ဂိုဏ်းခေါင်းဆောင်နဲ့အကြီးအကဲတွေက အသက်ကို ချမ်းသာပေးလိမ့်မယ်။ တိုက်ခိုက်စရာအထိ ဘာလို့ လိုအပ်မှာလဲ။"

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Where stories live. Discover now