12.5

753 72 4
                                    

12.5

သူတို့တွေ့ခဲ့သည့် မြူဝိညာဉ်ကြော ကျင့်စဉ်နှစ်ခုလုံးက အဆင့်နိမ့်ကျင့်စဉ်တွေဖြစ်ပြီး မပြည့်စုံပေ။ သူတို့ကို အမြင့်ဆုံး ကျင့်ကြံတောင် ရွှေအမြုတေ အစောပိုင်းအဆင့်ထိပဲ ရောက်ရှိနိုင်သည်။

အဲဒီနောက်ပိုင်းကျရင် ကျော်ဖြတ်ဖို့က မဖြစ်နိုင်တော့ပေ။

ယွင်ရှန့်က ရက်အနည်းငယ် စစ်ဆေးပြီးသည့်နောက်မှာ လွှင့်ပစ်လိုက်တော့သည်။

ထို့နောက် ကျန်ရှိနေတာက " ကိုးရပ်စက်ဝန်း ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်" ဖြစ်ပြီး ဒီကျင့်စဉ်က အလွန်အကြူးဟု ဖော်ပြလို့ ရလေသည်။ ပထမစက်ဝန်းအဆင့်အတွက် နှစ်တစ်သောင်း ထိုက်တန်သည့် အသက်သွေးကြောနှင့် နှစ်တစ်သောင်းသက်တမ်းရှိ ကျစ်အသား၊ မူလဓာတ်ငါးပါး၏ ထုတ်ယူထားသော အဆီအနှစ်၊ နှစ်တစ်သောင်းရှိသည့် ပေါင် ဝိညာဉ်အသီးအပြင် အခြားအဖိုးမဖြတ်နိုင်သည့် ရတနာတွေကို ဆေးရည်အဖြစ် ရောနှောဖော်စပ်ရမှာ ဖြစ်သည်။

၄၉ ရက် စိမ်ထားပြီးသည့်နောက်မှာ အရေပြားက အနှိုင်းမဲ့ ဖြစ်လာလိမ့်မယ်။

ဒုတိယစက်ဝန်းအဆင့်က အရိုးသန့်သန့်စင်ခြင်း နည်းလမ်းဖြစ်ပြီး နတ်ဆိုးဆေးလုံး၊ အရိုးသန့်စင်ခြင်းဆေးလုံး၊ ကျောက်စိမ်းဆေးလုံး၊ ရွှေဆေးလုံးအပြင် ထိပ်တန်းဆေးပင်တွေ အမြောက်အမြား လိုအပ်လေသည်။

ထို့နောက် အရိုးက မသေမျိုးအရိုးအဖြစ် ပြောင်းလဲသန့်စင်သွားလိမ့်မည်။ ထိုအဆင့်က ဘယ်လောက်တောင်ခက်ခဲကြောင်း ပြောဖို့မလိုပေ။ ထိုအဆင့်မှာ လိုအပ်သည့် ဆေးလုံးတစ်လုံးချင်းစီ၏ ပါဝင်ပစ္စည်းရှာဖိုက အလွန်ကြာမြင့်သည့် အချိန် လိုအပ်လေသည်။

တတိယစက်ဝန်းအဆင့်က ကိုယ်တွင်းအင်္ဂါတွေကို မာကြောစေတာဖြစ်ပြီး လေးခုမြောက် စက်ဝန်းက ရှစ်ခုသော ချီသွေးကြောတွေကို မာကြောစေတာဖြစ်သည်။

ငါးခုမြောက်စက်ဝန်းက ဝိညာဉ်သွေးကြောကို သန့်စင်ပေးပြီး ခြောက်ခုမြောက်က စွမ်းအင်ဗဟိုချက်ကို သန့်စင်ပေးသည်။

ခုနှစ်ခုမြောက်က ကျစ်ဖူကို သန့်စင်စေပြီး ရှစ်ခုမြောက်က ယင် ဝိညာဉ်ကို သန့်စင်ပေးကာ ကိုးခုမြောက်အဆင့်က ယန်ဝိညာဉ်ကို သန့်စင်ပေးသည်။

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Where stories live. Discover now